22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, February 20, 2012

Firefox နဲ့ အင်တာနက်ကို ခပ်မြန်မြန်လေး သုံးမယ်(အာမခံသည်)

       ဒီနည်းတော့ ကျွန်တော့်ရဲ့ ကိုကြီးတစ်ယောက်လိုဖြစ်တဲ့ ကိုတရုတ်ကြီးက ပြပေးတဲ့ နည်းလေးပေါ့ဗျာ ။ ဆိုတော့ မဆိုးပါဘူး ။ စမ်းကြည့်တာ မြန်တော့ တော်တော်ကို မြန်သွားတယ် ။ ခါတိုင်းညဆို ကွန်မကောင်းလို့ စိတ်ညစ်ရတဲ့ ကျွန်တော် ဒီည ပိုစ့် သုံးပုဒ်လောက်တောင် ရေးနိုင်တာ စာဖတ်သူတို့ အတွေ့ပဲနော်း)
ဘာမှလည်း မခက်ပါဘူး ။ ဘာမှလည်း မကောင်းရပါဘူး ။ တက်လာတဲ့ Error ကို ရှင်းပေးလိုက်ရုံပဲ ။ ကျွန်တော်တော့ ဒီနည်းလေးကို တော်တော်လေးကြိုက်နေပြီဗျ ။ စာဖတ်သူတွေလည်း စမ်းနိုင်အောင် ပြန်မျှလိုက်ကြောင်းပါ ။ ဆိုဒ်တွေမှာ ရေးထားတာကို မတွေ့ရသေးတာ မို့ ။ မတွေ့တာလည်း ဖြစ်မှာပါ ။


     ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ ။ Short key နဲ့ပဲ သုံးကြရအောင်ဗျာနော် ။ Ctrl +Shift+Jကို နိပ်လိုက်ပါဗျာ ။ box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ All ကို တစ်ချက်နိပ်ပေးပြီး Clear ကို နိပ်လိုက်ပါ ။ ဒါပါပဲဗျာ ။ အခု ကျွန်တော်ဆိုဒ်ကို စဖွင့်ပြီဆိုတာနဲ့ Ctrl+Shift+J ကို နိပ်လိုက်ပါ ။ ပြီးရင် Atl + C ကို နိပ်ပါ ။ Error တွေ ထပ်တက်လာသေးရင် Alt  + C ကို ထပ်နိပ်လိုက်ပါ ။ Alt နည်းတွေကို ကျွန်တော်ရေးပြပြီးပါပြီ သေချာကြည့်လိုက်ပါ ။ ထပ်ပြောပြပါမယ်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ ။ C စကားလုံးရဲ့ အောက်မှာ မျဉ်းသားထားတာကို တွေ့တယ် မလား ။ သင်္ကေတပေါ့ ဗျာ ။ အဲဒါကို မနိပ်ချင်လို့ ရှောပ်ကပ်နဲပ သုံးချင်တယ်ဆိုရင် Alt+C တွဲနိပ်ပါ ဆိုတဲ့ သဘော ကျန်တဲ့ နေရာတွေမှာလည်း ဒီနည်း၎င်းပဲ ။ ပြီး အဲဒီ box ကို ပိတ်ချင်တယ်ဆိုရင် Ctrl +w နဲ့ဖြစ်ဖြစ် Alt+F4 ပဲဖြစ်ဖြစ် ပိတ်နိုင်ကြောင်းပါ ။ စမ်းကြည့်လိုက်ပါ ။ အခုပဲ စမ်းကြည့်ပါ ။ သိသာမြန်ဆန်ကြောင်း ကျွန်တော် အာမခံပါသည် ။
(ခြွင်းချက် ။    ။လုံးဝကွန်မကောင်းသော နေရာမှ တစ်ပါး ။ )
ခွန်မောင်ပန်
Print Friendly and PDFPrintPrint Friendly and PDFPDF

1 comments:

Cung said...

မိုက်တယ်ဗျာ ကျေးဇူးတင်ပါသည်။ ဘုရားရှင် သင့်ကို ကောင်းကြီးပေးပါစေ။

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )