22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, March 2, 2012

မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်















ဒီခေတ်ကြီးမှာ အလှကုန်အမျိုးမျိုး ခေတ်စားလာတာနဲ့အမျှ အလှအပကို အရမ်းစိတ်ဝင်စားလာကြတယ်လေ။ ပွဲသွားတဲ့အခါမှ မဟုတ်ဘူး.. အလုပ်သွား၊ ကျောင်းသွား၊ Shopping သွားတာတောင် မိတ်ကပ်လေးလိမ်းပြီး လှလှပပ ကြော့ကြော့မော့မော့လေး သွားကြတယ်ဟုတ်?? ဒီတော့ အလှကြိုက်တဲ့ ပျိုပျိုမေတို့အတွက် မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်ကို ပြောပြမယ်နော်။

- မိတ်ကပ်မလိမ်းခင် မျက်နှာကို သေချာသစ်ပြီး Moisturizer လိမ်းဖို့တော့ မမေ့ပါနဲ့။

- ပြီးတော့ ကွန်ဆီလာ သုံးပါ။ မျက်နှာက ၀က်ခြံတွေ အမဲစက်တွေ မျက်ကွင်းညို အမာရွတ်တွေကိုလည်း ဖုံးကွယ်ထားနိုင်အောင်ပေါ့။ ဖုံးကွယ်ချင်တဲ့နေရာမှာ အစက်သေးသေးလေးတွေချပြီး ဖုံးပေးပါ။ တချို့ကလည်း မိတ်ကပ်လိမ်းပြီးမှ လိုတဲ့နေရာမှာ ကွန်ဆီလာ လိမ်းပါတယ်။

- အောက်ခံမိတ်ကပ်ကိုလည်း ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တာကိုပဲ သုံးသင့်တယ်နော်။ တချို့ရှိတယ်လေ။ ညီအစ်မတွေအားလုံး မိတ်ကပ်တမျိုးထဲကိုပဲ သုံးနေတာမျိုးပေါ့။  ချစ်ကြတာ.. :D အဲလို ရဘူးနော်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကြတော့ ကိုယ့်အသားအရောင်ထက် တဆင့်လင်းတဲ့မိတ်ကပ်ကိုပဲ သုံးပါ။ မဟုတ်ရင် အဆီပြန်လာတဲ့အခါ မျက်နှာက ညစ်သွားနိုင်တယ်လေ။ မိတ်ကပ်ကို မျက်နှာအနှံ့အစက်ချလိုက်ပါ။ ပြီးတော့ မိတ်ကပ်ကို ညှိတဲ့အခါ လက်နဲ့ ညှိတာထက် ရေမြှပ်သုံးပြီး ညှိတာက ပိုကောင်းတယ်နော်။ မိတ်ကပ်ကို တတ်နိုင်သလောက် ပါးပါးလေးပဲ လိမ်းပါ။ မဟုတ်ရင် မျက်နှာဖုံးတတ်ထားသလို အရုပ်မျက်နှာ ဖြစ်သွားလိမ့်မယ်နော်။ မိတ်ကပ်ကို တတ်နိုင်သလောက် ပါးပါးလေးလိမ်းတာက အသားအရေအတွက်လည်း ကောင်းပါတယ်။

- ပြီးတော့ မိတ်ကပ် တာရှည်ခံအောင် ပေါင်ဒါလိမ်းပေးရပါမယ်။ ပေါင်ဒါခဲနဲ့ ပေါင်ဒါမှုန့် ကြိုက်ရာသုံးနိုင်ပါတယ်။ Translucent Powder သုံးတာက မျက်နှာကို နူးညံ့တောက်ပ လန်းဆန်းစေပြီး အဆီပြန်တာကိုလည်း ထိန်းပေးနိုင်တယ်နော်။

- ပြီးတော့ မျက်ခုံးပေါ့..။ အလှပြင်ဆိုင်မှာ ကျွမ်းကျင်တဲ့သူနဲ့ မျက်ခုံးကို ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံဖြစ်အောင် အရင်ပုံဖော်ထားသင့်တယ်နော်။ မျက်ခုံးကလည်း မျက်နှာပုံစံကို ပြောင်းလဲစေလို့ ဂရုစိုက်သင့်ပါတယ်။ မျက်ခုံးကို မျက်ခုံးမွှေးဆွဲခဲတံ (သို့) အမှုန့်နဲ့ ပုံဖော်နိုင်ပါတယ်။ အသားဖြူသူတွေက အညိုရင့်ရောင်၊ ကျန်တဲ့အသားအရောင်ရှိသူတွေက အနက်ရောင် သုံးနိုင်ပါတယ်။ မျက်ခုံးဆွဲတဲ့အခါ မထူမပါးနဲ့ သဘာဝကျကျလေး ဆွဲပေးပါ။ အရမ်းထူပိန်းလွန်းရင်လည်း ကြည့်ရဆိုးစေပါတယ်။

- မျက်လုံးကို ခြယ်သရတာ ကြိုက်တဲ့ ပျိုမေတို့ကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့အရောင် ကိုယ့်အ၀တ်အစားနဲ့ လိုက်ဖက်တဲ့အရောင်လေးတွေနဲ့ ကြိုက်နှစ်သက်သလို ခြယ်သနိုင်ပါတယ်။ ရုံးသွား ကျောင်းသွားဆိုရင်တော့ သဘာဝဆန်ဆန်အရောင်လေးတွေပဲ လိမ်းတာပဲ ကောင်းမယ်နော်။ ကာလာအနုလေးကို မျက်ခွံတစ်ခုလုံးခြယ်ပါ။ ပြီးတော့ အရောင်အရင့်ကို အပေါ်မျက်ခမ်းစပ်မှာ ခြယ်ပါ။ မျက်ခုံးအောက်နားလေးမှာတော့ အရောင်လင်းလက်တဲ့ Highlight Color လေး ခြယ်ပါ။ အားလုံးခြယ်ပြီးရင် အရောင်တွေက သပ်သပ်စီ ဖြစ်မနေအောင် ပြန်ညှိပါ။ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်နော်။ မျက်လုံးရဲ့အတွင်းဘက်ထောင့်လေးကို ငွေရောင်လေးနဲနဲ ခြယ်လိုက်ရင် ပိုပြီးနုပျိုလန်းဆန်းတဲ့ပုံစံလေး ဖြစ်စေတယ်လေ။ ထင်းထင်းကြီး ခြယ်ရဘူးနော်။ မသိမသာလေးပေါ့။

- အိုင်းရှဲဒိုးခြယ်ခြယ် မခြယ်ခြယ် အိုင်းလိုင်နာလေးတွေ ဆွဲသင့်တယ်နော်။ မျက်လုံးလေးတွေက ပိုလှသွားစေသလို မျက်နှာလေးလည်း ပိုဆွဲဆောင်မှုရှိသွားလိမ့်မယ်။ အိုင်းလိုင်နာအရည် (သို့) အိုင်းလိုင်နာခဲတံချွန်ချွန်လေးနဲ့ အပေါ်မျက်တောင်နားလေး ကပ်ပြီးဆွဲပေးပါ။ မျက်လုံးအပြင်အစွန်းနားလေးရောက်တဲ့အခါ အပေါ်ကို နဲနဲလေးကော့တက်သွားတဲ့ပုံစံလေးဆွဲပေးရင် ပိုလှတယ်နော်။ ဆန္ဒရှိရင် အောက်မျက်ခမ်းအပြင်ဘက် သုံးချိုး နှစ်ချိုးလောက်ကိုပါ ဆွဲပေးလို့ ရပါတယ်။

- မျက်တောင် ထူထူကော့ကော့လေးတွေက မျက်လုံးအလှကို ပိုထင်ရှားစေပါတယ်။ Mascara မသုံးခင်မှာ မျက်တောင်ကော့စက်လေးနဲ့ ကော့ပေးနိုင်ပါတယ်။ ဘယ်တော့မှ Mascara သုံးပြီးမှ ကော့စက်နဲ့ မကော့ပါနဲ့။ မျက်တောင်ကော့စက်ထဲကို မျက်တောင်လေးတွေထည့်ပြီး တစ်ကြိမ်ပဲ ၅ စက္ကန့်လောက် ဖိပေးထားရင် ရပါပြီ။ ပြီးရင် Mascara နဲပ မျက်တောင်လေးတွေကို ညီညီညာညာလေးကော့ပေးပါ။ ဆေးတွေ တစ်နေရာထဲမှာ စုပုံမနေအောင်တော့ ဂရုစိုက်နော်။

-  ပန်းနုရောင်သန်းတဲ့ သွင်ပြင်လေးဖြစ်ဖို့ ပါးနီလေး ခြယ်ရအောင်နော်။ အရင်ဆုံး ပြုံးလိုက်ပါ။ ပါးအို့နေရာမှာ ပါးနီကို ပြေပြေလေး ပါးပါးလေး ခြယ်ပေးပါ။ များသွားရင် ပေါင်ဒါနဲ့ ပြန်လျှော့လို့ ရပါတယ်။

- မိတ်ကပ်လိမ်းတာကို နှုတ်ခမ်းနီလှလှလေးဆိုးပြီး အဆုံးသတ်ကြမယ်။ ကိုယ်ကြိုက်တဲ့ နှုတိခမ်းနီကို ဆိုးလိုက်ပါ။ နှုတ်ခမ်းနီကို စုတ်တံလေးနဲ့ ဆိုးတာက နှုတ်ခမ်းလေးကို ပိုနူးညံ့တဲ့ပုံ ဖြစ်စေပါတယ်။ နှုတ်ခမ်းနီဆိုးပြီးတော့ Lip Liner လေးနဲ့ ဘောင်ကွပ်ပေးလိုက်ရင် နှုတ်ခမ်းလေးက ပိုသပ်ရပ်လှပသွားမှာပါ။ ပြီးတော့ အောက်နှုတ်ခမ်းအလယ်မှာ Lip Gloss လေးဆိုးပေးလိုက်ရင် လုံးဝကို ပြည့်စုံတဲ့ ဖူးငုံနှုတ်ခမ်းလေးရပြီပေါ့။




Warnings

-    မိတ်ကပ်လိမ်းတာမှာသုံးတဲ့ ရေမြှပ်တွေ ဘရပ်တွေကို ရေနွေးနဲ့ ဆပ်ပြာအပျော့စားနဲ့ မှန်မှန်လျှော်ပေးနော်။ ရေမြှပ်တွေ ဘရပ်တွေ မသန့်ရှင်းရင် ၀က်ခြံတွေ ပေါက်လာနိုင်တယ်လေ။
-    အလှပြင်ပစ္စည်းအပေါစားတွေ မသုံးပါနဲ့။ အပေါစားပစ္စည်းတွေသုံးရင် အဆင်မပြေပဲ ပိုက်ပိုက် ၂ ဆ ကုန်နိုင်တယ်လေ။
-    အရမ်းကြာနေတာတွေကို မသုံးပါနဲ့။
-    သူများနဲ့ မျှဝေပြီးတော့လည်း မသုံးပါနဲ့။


ဒီလောက်ဆိုရင် ရင်နှင်းသူငယ်ချင်းလေးတွေ မိတ်ကပ်ကောင်းကောင်းလိမ်းတတ်သွားလောက်ပြီနော်။ သူငယ်ချင်းတို့ မိတ်ကပ်လှလှလေးလိမ်းပြီး လှသည်ထက် ပိုလှနိုင်ပါစေရှင်..
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )