22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

ဗုံးကွဲမှု များကြောင့် ဥရောပ ဖလား လုံခြုံရေး အတွက် ခေါင်းခဲ နေရသည့် ယူကရိန်း

သောကြာနေ့က ယူကရိန်း နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက် ကွဲမှုများက (၂၀၁၂)ခုနှစ်၊ ဥရောပ ဖလား လက်ခံ ကျင်းပရာ အိမ်ရှင် နိုင်ငံ၏ လုံခြုံရေး ကဏ္ဍအတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာခဲ့သည်။

ပြိုင်ပွဲကြီး စတင်ရန် သီတင်း(၆)ပတ်မျှသာ လိုတော့ချိန်တွင် ယူကရိန်းနိုင်ငံ နင်ပရိုပီထရော့ဗ်မြို့ရှိ အမှိုက်ပုံးများအတါင်း တပ်ဆင်ထားသည့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြို့တွင် ဥရောပ ဖလား ပွဲစဉ်များကို လက်ခံ ကျင်းရန်မူ အစီအစဉ် မရှိပေ။ သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျက ယခု ဗုံးခွဲမှုများသည် တစ်နိုင်ငံလုံးကို စိန်ခေါ်လိုက်သည့် အကြမ်းဖက် လုပ်ရပ် တစ်ခုဟု ထုတ်ဖော် ပြောဆိုလိုက်သည်။ ပထမ ဗုံးကွဲမှုသည် မွန်းတည့်ခါနီးတွင် ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၁၃)ဦး ဒဏ်ရာ ရခဲ့သည်။

နောက်ထပ် မိနစ် (၃၀)မျှ အကြာတွင် ရုပ်ရှင်ရုံ တစ်ခုအနီး ဒုတိယ ဗုံးကွဲမှု ထပ်မံ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ် (၉)ဦး အပါအ၀င် လူ(၁၁)ဦး ထိခိုက်မိခဲ့ကြောင်း အရေးပေါ် အခြေအနေ ကူညီ ကယ်တင်ရေး ၀န်ကြီးဌာနက ကြေညာသည်။ ဆက်တိုက် ဗုံးကွဲမှုသည် ထိုမျှနှင့် မပြီးသေးဘဲ ပန်းခြံတစ်ခု အနီးတွင် တတိယ အကြိမ် ပေါက်ကွဲခဲ့ရာ လူ(၂)ဦး ဒဏ်ရာရသွားသည်။ မြို့လယ်တွင် ထပ်မံဖြစ်ပွားသည့် စတုတ္ထ ဗုံးကွဲမှုတွင်မူ အသေအပျောက်နှင့် ဒဏ်ရာရ စာရင်းကို တိတိကျကျ မသိရသေးချေ။ ပြည်ထဲရေး ၀န်ကြီးသည် ထိုကိစ္စကို လေ့လာ စုံစမ်းရန် အတွက် အခင်းဖြစ်ရာမြို့သို့ ချက်ချင်း ထွက်ခွာ သွားခဲ့သည်။

နင်ပရိုပီထရော့ဗ် မြို့သည် မြို့တော် ကိယက်ဗ်နှင့် မိုင်(၂၅၀)မျှ ကွာဝေးပြီး ဥရောပ ဖလား ဘောလုံးပြိုင်ပွဲ အတွက် ပွဲစဉ်များကို လက်ခံ ကျင်းပမည့် ကွင်းများ ဆောက်လုပ် ထားမှု မရ...
“ခုထိတော့ ဘယ်သူ့ကိုမှ အဖမ်းအဆီး မလုပ်ရသေးဘူး”ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ နင်ပရိုပီထရော့ဗ် မြို့သည် မြို့တော် ကိယက်ဗ်နှင့် မိုင်(၂၅၀)မျှ ကွာဝေးပြီး ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွက် ပွဲစဉ်များကို လက်ခံကျင်းပမည့် ကွင်းများ ဆောက်လုပ်ထားမှု မရှိခဲ့ချေ။ ယူကရိန်း ရဲတပ်ဖွဲ့သည် ဘောလုံးပြိုင်ပွဲကြီး မစတင်မီ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကြောင့် ခေါင်းခဲစရာ ဖြစ်နေပြီး ပြိုင်ပွဲကာလအတွင်း လုံခြုံရေး အာမခံချက် အပြည့်အ၀ ပေးနိုင်ရန် ကြိုးစား ဆောင်ရွက်နေရသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )