22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, April 27, 2012

ဗြိတိသျှ သံရုံးခွဲ နေပြည်တော်မှာ ဖွင့်မည်

ရန်ကုန် ဗြိတိသျှ သံရုံးက နေပြည်တော်မှာ ရုံးခွဲတစ်ခု ဖွင့်လှစ်တော့မယ် လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ William Hague က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အစိုးရ ရုံးစိုက်ရာ နေပြည်ေ
တ်ာမှာ သံရုံးခွဲ ဖွင့်လှစ်လိုက်တာကြောင့် ရန်ကုန်က မိမိတို့ သံရုံးအတွက် အလုပ်တွင်ကျယ်တဲ့ အပြင်
မြန်မာအစိုးရ၊ မြန်မာပြည်သူတွေ နဲ့ အတူ ထိတွေ့ဆက်ဆံလိုတဲ့ မိမိတို့သဘောထားကို ပြသလိုက်တာလည်း ဖြစ်ပါတယ်၊ နေပြည်တော်မှာ အစိုးရချင်း ဆက်သွယ် ဆောင်ရွက်ဖို့ အဆင်ပြေတဲ့အပြင် မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး အတွက်လည်း အထောက်အကူပြုပါတယ်လို့ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး က ပြောပါတယ်။

ဒါ့ပြင် အခုအချိန်ဟာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကို အားပေးတဲ့ အနေနဲ့ ရင်းနှီးမြှုပ်နှံတာ၊ ကုန်ကူးသန်း ရောင်းဝယ်တာတွေကို အားပေးရမယ့် အချိန်ဖြစ်တယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး ဒီလို ဆုံးဖြတ်မှုတွေ မချမှတ်ခင်မှာ ဗြိတိန်အစိုးရဟာ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်
နှီးနှောခဲ့ပါတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ William Hague က ပြောဆိုပါတယ်။
RFA Burmese
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )