22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, April 29, 2012

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ခိုင်မာ မြန်ဆန်ဖို့ အီးယူ မျှော်လင့်


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton တို့က ဒီမနက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။


ဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တွေ ပိုပြီးခိုင်မာဖို့နဲ့ ပိုပြီးမြ န်ဆန်ဖို့ မျှော်လင့်ချက်နဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတာကို ဆိုင်းငံ့လိုက်တာ ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ပြောကြား သွားတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံကို အီးယူက အကူအညီ ဆက်လက်ပေးမယ့် အကြောင်းလည်း ပြောကြားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။


"Catherine Ashton ဘက်က ဖြေကြားတာကတော့ အီးယူက ယူရို သန်းပေါင်း ရာနဲ့ ချီပြီးတော့ အကူအညီ တွေဆက်ပြီး ပေးမှာ ဆိုတဲ့ အကြောင်း၊ အဲဒီလို

အကူအညီပေးတဲ့နေရာမှာ အဓိကကတော့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ ကဏ္ဍတွေမှာ ပိုပြီးတော့ ပေးမှာ ဖြစ်တဲ့အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် ပြည်သူအများစုက ကျေးလက်ဒေသမှာ နေထိုင်ကြတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။"


ဒီလို သတင်းစာ ရှင်းလင်းပွဲမလုပ်ခင်မှာ အီးယူ အကြီးအကဲနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို NLD ရုံးချုပ် အစည်းအဝေး ခန်းမမှာတွေ့ဆုံဆွေးနွေး ပါတယ်။


" ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အောင်မြင်ခဲ့ပုံတွေကို သူက အထူးစိတ်ဝင်စားပါတယ်။ အဲဒါနဲ့ မေးပါတယ်။ ပုပ္ပသီရိတို့ ဘာတို့လို တကယ့်နေရာတွေမှာ အနိုင်ရခဲ့တဲ့ ဦးနိုင်နိုင်မင်းနဲ့ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဒေါက်တာ မျိုးအောင်တို့က ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောပြပါတယ်။ နောက် ဦးဝင်းထိန်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်တွေကို ပြောပြပါတယ်။ အီးယူအဖွဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် ကူညီနေခဲ့ပြီး အခုလည်းပဲ ဆက်ပြီး ကူညီမယ့်အကြောင်း ပြောပါတယ်။"


Ms. Ashton ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုကို ဆိုင်းငံ့လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အီးယူက အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးရဲ့ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ သူက အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ အီးယူ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ အတူ မွန်းလွဲပိုင်းမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ တနင်္လာနေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
RFA-Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )