22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, April 30, 2012

ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်

ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်  လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
 တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ 
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ပတ်နှစ်ပတ်လောက်အတွင်း လျှပ်စစ်မီးကိစ္စပြေလည်သွားလိမ့်မယ် ထင်ပါတယ်။
 ဒါပေမယ့် ကတိတော့မပေးဘူးပေါ့ဗျာ ’’ ဟု ဦးစိုးသိန်းကပြောကြားသည်။

အထက်ပါကဲ့သို့ သာကေတရှိ လျှပ်စစ်တာ ဘိုင်များကို ပြုပြင်သည့် အပြင် လျှပ်စစ်ဓာတ်အား
 ၂၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သော မိုဘိုင်းလျှပ်စစ်တာဘိုင် ၄ လုံးအား အမေရိကန် GE
ကုမ္ပဏီမှ ဌားရမ်းထားကြောင်းနှင့် ယင်းတို့ဖြင့် လတ်တလော ရန်ကုန်မြို့တွင် ကြုံ့တွေ့နေရ
သော လျှပ်စစ်မီး အခက်အခဲကို ဖြေရှင်းသွား မည် ဖြစ်ကြောင်းပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ
 ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ် အတွင်း လျှပ်စစ်မဂ္ဂဝပ် ၉၀၀
ထုတ်လုပ်နိုင်သော ကျောက်မီးသွေးဓာတ်အားပေးရုံကိုလည်း သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။

ဦးစိုးသိန်းက ‘‘ မီးခိုးလုံးဝမထွက်ပါဘူး ၊ ဒါကြောင့် ဂျပန်စက်နဲ့ဆိုရင် တော့ကျောက်မီးသွေးနဲ့
 လုပ်ပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဘူးလို့ ပြောလို့ရပါတယ်’’ ဟုပြောကြားသည်။

Yangon Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )