22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

တိုးတက်မှုနဲ့ ချိုးဖောက်မှုတွေ မြန်မာမှာ ဒွန်တွဲနေဆဲ

အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာမှာ အရှေ့အလယ်ပိုင်း ဒေသတလျှောက် ပြန့်နှံ့ခဲ့တဲ့ နာမည်ကျော် အာရပ် နွေဦးတော်လှန်ရေး နဲ့အတူ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တိုးတက်မှုတွေအဖြစ် ဖော်ပြလိုက်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
U.S. Department of State
အမေရိကန် နိုင်ငံခြားရေးဌာန၊ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သတင်းထောက်များအား ရှင်းလင်းပြောဆိုနေစဉ်။
ဒီအပြောင်းအလဲတွေဟာ နိုင်ငံတကာက လက်ခံတန်ဖိုးထားတဲ့ လူ့အခွင့်အရေး စံနှုန်းတွေအတွက် တောင်းဆိုကြတာ ဖြစ်တယ်လို့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုခဲ့ရာမှာ -
အရှေ့အလယ်ပိုင်းဒေသက တော်လှန်ရေးတွေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေအပေါ် အဓိက လွှမ်းမိုးခဲ့တဲ့ အသံကတော့ ကမ္ဘာလုံးဆိုင်ရာ စံချိန်စံနှုန်းနဲ့ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လူ့အခွင့်အရေးတွေကို အမျိုးသား၊ အမျိုးသမီးအားလုံး ၀ိုင်းဝန်း တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို (၁၅) နှစ်ကျော် နေအိမ် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးတာ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းဖွင့်ပေးတာတွေကို ထင်ရှားတဲ့ အပြောင်းအလဲတွေအဖြစ် အသိအမှတ် ပြုထားပေမဲ့၊ လက်ရှိ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးတာ၊ အဓမ္မနေရာ ရွှေ့ပြောင်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Michale Posner ကလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။
RFA-Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )