မန်တုံမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်နေရာအား တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း မငြိမ်သက်မှုများကြောင့် KIA လက်နက်ကိုင်အဖွဲ့အချို့သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အစပ်ဖြစ်သော ရွှေလီမြစ်ကို ဖြတ်ကျော်ဝင်ရောက်ကာ ရှမ်းပြည်နယ် မြောက်ပိုင်းစွန်းဒေသများသို့ ၀င်ရောက်လာခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် ဒေသခံများ မန်တုံမြို့ကျေးရွာမှ ကချင်တိုင်းရင်းသားများအား မန်တုံမြို့ အရှေ့ဘက်ရှိ ခရစ်ယာန် အသင်းတော်ဝင်းအတွင်း၌ ယာယီ နေရာချပေးထားကာ စောင့်ရှောက်လျက်ရှိသည်။
''အစပိုင်းက ၂၀၀ ကျော်တယ်၊ အခုတော့ တချို့ လီဆူးလူမျိုးစုတွေက မြစ်ကြီးနား၊ ပါးကုပ် စတဲ့နေရာတွေမှာရှိတဲ့ သူတို့ဆွေမျိုးတွေဆီကို ပြောင်းသွားကြလို့ ဒီမှာ ၁၆၀ ကျော်လောက်ပဲ ကျန်တယ်။ ကလေးငယ်တွေနဲ့ သက်ကြီးအဘွားအိုတွေများ တာကြောင့် သူတို့ကျန်းမာရေးအတွက် စိုးရိမ်စရာရှိနေပါတယ်။ မိုးရွာရင် အတော်အခက်အခဲရှိမယ်'' ဟု ဒုက္ခသည်များကို စောင့်ရှောက်နေသည့် ဒေသခံများက ပြောပြပါသည်။
မန်တုံမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် မန်လွယ်ကောင်ကျေးရွာမှ ဒေသခံ ၁၂၀ သည်လည်း မတ်လကုန်ခန့်တွင် ၎င်းတို့ကျေးရွာအနီးတွင် တိုက်ပွဲများ ကြုံတွေ့ရသည့်အတွက် ဘေးလွတ်ရာ မန်တုံမြို့သို့ ထပ်မံရောက်ရှိ လာခဲ့ကြပြီး ၎င်းတို့အား မန်တုံမြို့ လယ်တောင်ကုန်းပေါ်ရှိ အဆောက် အအုံလွတ်နှစ်ခု၌ ယာယီနေရာချပေးထားရကြောင်း၊ သို့သော် ၎င်းအဆောက်အအုံမှာ ကျောင်းဖွင့်ချိန်အမီ ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရမည်ဖြစ်၍ အဆိုပါ တိမ်းရှောင်လာသူများအား သီးခြားတစ်နေရာသို့ ပြောင်းရွှေ့နေရာချထားပေးရန် အပူတပြင်း စီစဉ်နေရကြောင်း ဒေသခံ လူမှုရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရှိရပါသည်။

6:12 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com