22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

ဂွာဒီယိုလာအား ဆုဖလားဖြင့် နှုတ်ဆက်လိုက်သည့် ဘာစီလိုနာ

နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ အတွက် ဘာစီလိုနာ အသင်း နောက်ဆုံး ပေးအပ်သော လက်ဆောင်သည် ဆုဖလား တစ်လုံး ဖြစ်နေခြင်းကြောင်း အသင်းကို (၄)နှစ်ကြာ ဦးဆောင်ခဲ့သူ စပိန်သား အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရသည်။


ဘာစီလိုနာသည် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ လူစာရင်း အဖြစ် လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ဟာနန်ဒက်ဇ်၊ အလက်ဆစ် ဆန်းချက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်၊ ဆာဂျီယို ဘုရှ်ကွက်စ်၊ အက်ဒရီယာနို၊ ဟာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေး၊ မာတင် မွန်တာရာ၊ ဟိုဆေးပင်တိုတို့အား ခင်းကျင်းခဲ့သည်။ မက်ဒရစ်မြေတွင် ကစားသော ဗိုလ်လုပွဲ၌ ဘီလ်ဘာအိုက ဖာနန်ဒို လော်ရန်တေး၊ အီဘိုင်ဂိုမက်ဇ်၊ အိုင်ကာ မြူနီယန်နင်၊ မာကယ်လ် ဆူဆက်တာ၊ အော်စကာ ဒီမားကို့စ်၊ ဟာဗီ မာတီနက်ဇ်၊ ဂျွန်အော်တန်ဇီ၊ ဖာနန်ဒို အာမော်ရီဘစ်တာ၊ ဘော်ဂျာအီကီဇာ၊ အန်ဒိုနီ အိုင်ရိုလာ၊ ဂေါ်ကာ အိုင်ရီဇော့တို့ဖြင့် ပွဲထွက်လာသည်။


ပွဲအစ (၂)မိနစ်ကတည်းက မက်ဆီ၏ အားထုတ်မှု ဂိုးပေါက်နှင့် ကပ်လွဲသွားသဖြင့် ဘာစီလိုနာတို့ စောစီးစွာ ဦးဆောင်ခွင့် ဆုံးရှုံးခဲ့သည်။ (၄)မိနစ်တွင် ပက်ဒရိုက ဘာစီလိုနာအတွက် ဦးဆောင်ဂိုး သွင်းယူသည်။ ရှာဗီ ကန်တင်ပေးသော ထောင့်ကန်ဘောအား ဒီမားကို့စ် ရှင်းထုတ်ရန် ပျက်ကွက်ခဲ့သည့်နောက် စပိန်တိုက်စစ်မှူးက ဘယ်ခြေဖြင့် ခပ်ပြင်းပြင်း အနိမ့် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၁၅)မိနစ်တွင် ဂိုးဧရိယာ ထိပ်နားမှ မက်ဆီ လှမ်းကန်သော ဘောလုံးကို ဘီလ်ဘာအို ဂိုးသမား အိုင်ရီဇော့ လက်စွမ်းပြ ကာကွယ်သွားသည်။ မိနစ်(၂၀)တွင် မက်ဆီ၏ ဂိုးဖြင့် ဘာစီလိုနာတို့ (၂)ဂိုးပြတ် ဦးဆောင်သည်။ အင်နီယေစတာက ဘီလ်ဘာအို နောက်ခံလူ (၃)ဦးကြားမှာ သပ်ရပ်စွာ ထုတ်ပေးလိုက်သော ဘောလုံးကို မက်ဆီက ညာခြေဖြင့် အနီးကပ် ထောင့်ချိုးကန်သွင်းရာ အိုင်ရီဇော့ မည်သို့မျှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရသည်။

(၂၅)မိနစ်တွင် ပွဲရလဒ်ကို အဖြေပေါ်သွားစေသည့် ဂိုးအား ပက်ဒရိုက ထပ်မံ သွင်းယူသည်။ ရှာဗီ အသာအယာ တို့ထုတ်ပေးလိုက်သော ဘောလုံးကို နောက်မှ ပြေးတက်လာသည့် ပက်ဒရိုက ဧရိယာ အပြင်ဘက်မှ ဘယ်ခြေဖြင့် အနိမ့်ကန်သွင်းသွားခြင်း ဖြစ်သည်။ ဘာစီလိုနာသည် (၃)ဂိုးပြတ်နေချိန်တွင် ပွဲTempoကို လျှော့ချပြီး ဘီလ်ဘာအိုအား ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားရန် ကြိုးစားလာသည်။ (၂၉)မိနစ်တွင် လော်ရန်တေးကို ဘာစီလိုနာ နောက်ခံလူ ပီကေး ကစားပုံကြမ်းသော်လည်း ဒိုင်က ပင်နယ်တီ ဧရိယာအတွင်းမှ အဖြစ်အပျက်ကို အရေးယူခဲ့ခြင်း မရှိပေ။ ပထမပိုင်း အပြီးတွင် ဘာစီလိုနာအသင်း (၃)ဂိုးပြတ် ဦးဆောင်ခွင့် ရနေခဲ့သည်။


ဒုတိယပိုင်းတွင် ဘီလ်ဘာအိုသည် ဂိုးရရန် ပိုမို ရုန်းကန် ကြိုးစားလာခဲ့သည်။ သို့သော်လည်း နောက်ဆုံး(၅)ပွဲဆက် ဂိုးမသွင်းနိုင်သော အသင်းသည် ဘာစီလိုနာ ခံစစ်ကြောင်းကို ထိုးဖောက်ရန် အားထုတ်မှုတွင် အခက်တွေ့နေခဲ့သည်။ (၅၁)မိနစ်တွင် ဟာရဲရား ဖန်တီးပေးသော ဘောလုံးကို ဂိုမက်ဇ် ကန်ခွင့်ရသော်လည်း ဂိုးပေါက်လွဲခဲ့သည်။ (၅၆)မိနစ်တွင် ဘာစီလိုနာ ညာနောက်ခံလူ မွန်တိုရာ ဖြတ်တင်ပေးသော ဘောလုံးကို ဆန်းချက်ဇ် ပိတ်သွင်းရန် ကြိုးပမ်းမှု အတန်ငယ် နောက်ကျခဲ့သည်။ (၆၃)မိနစ်တွင် ဂိုမက်ဇ် ပေးပို့သည်ကို လော်ရန်တေး ခေါင်းတိုက်သော ဘောလုံး ပီကေးနှင့် ထိထွက်သွားပြန်သည်။ (၆၉)မိနစ်တွင် မက်ဆီ ဆွဲပြေးပြီး ကန်သွင်းသော ဘောလုံးကို အိုင်ရီဇော့ လှဲအိပ် ကာကွယ်နိုင်ခဲ့သည်။ (၇၅)မိနစ်တွင် အော်တန်ဇီ ဂိုးပေါက်နှင့် (၅)ကိုက်မျှ အကွာမှ Marking မရှိဘဲ ခေါင်းတိုက်ခွင့် ရသော်လည်း လွဲချော်သွားပြန်သည်။ ပွဲအပြီးတွင် ဘာစီလိုနာ အသင်းသည် ပထမပိုင်း သွင်းဂိုးများဖြင့်ပင် ဘီလ်ဘာအိုအား အနိုင်ရကာ စပိန်ဘုရင့်ဖလား ချန်ပီယံ ဖြစ်လာသည်။

ယခုပွဲတွင် အမှတ်ရစရာ တစ်ခုမှာ ဗိုလ်လုပွဲ ၀င်ကစားသည့် ရှာဗီမှာ ၎င်း၏ ဘာစီလိုနာ ကစားသမားဘ၀ အကြိမ်(၂၀)မြောက် ဆုဖလားကို ကိုင်မြှောက်ခွင့် ရလာခဲ့ခြင်း ဖြစ်သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )