22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

 
ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။
Ref: Good Health
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )