22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့

လျှပ်စစ်မီးပုံမှန်မရတဲ့ကိစ္စဆန္ဒထုတ်ဖေါ်ပြသမယ်လို့သက်ဆိုင်ရာကိုစာနဲ့အကြောင်းကြားခဲ့တာကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်း သိရပါတယ်။

မေလ(၂၇)ရက် တနင်္ဂနွေနေ့မှာ ဆန္ဒပြမယ်လို့ သက်ဆိုင်ရာ မယက အုပ်ချုပ်ရေးမှူးရုံး၊ရဲတပ်ဖွဲ့နဲ့လျှပ်စစ်ရုံးတွေကို ကျောက်ဆည်မြို့ခံတွေက မနေ့ကစာရေးသားအကြောင်းကြားခဲ့တာပါ။

အဲဒီနောက် ဆန္ဒပြမယ်ဆိုတဲ့ သူတွေထဲက စာရေးဆရာ ဒိုးလေး (ကျောက်ဆည်)ကို စ-သုံးလုံး၊ SBတို့က ခေါ်ယူစစ် ဆေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတာဝန်ရှိသူတွေ ကျောက်ဆည်မြို့ကိုလာရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ပန်းချီကိုမိုးမခက RFAကို ပြောပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ကတိပေးသွားပေမယ့် လက်တွေ့ဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်မှာဖြစ်ကြောင်း၊လျှပ်စစ်မီးပုံမှန်ပြန်မရဘူးဆိုရင်တော့လာမယ့်ဇွန်လ(၁)ရက်နေ့ နောက်ပိုင်းဆန္ဒထုတ်ဖေါ်သွားကြမှာ ဖြစ်ကြောင်း ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။
RFA-Burmese

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )