အသက်အရွယ်ကြောင့် ဖြစ်ပေါ်သည့် အမြင်အာရုံဆဲလ်များ ဆိုးဆိုးရွားရွားပျက်စီးခြင်းကို တားဆီးနိုင်သည့် ဓာတုဓာတ်တစ်မျိုးကို ပညာရှင်များက တွေ့ရှိကြောင်း ဧပြီလ၈ရက်နေ့တွင် ဆေးတစ်ကြိမ်ထိုးရုံဖြင့် အသက်အရွယ်ကြီး ရင့်ခြင်းကြောင့် ဖြစ်ပေါ်သော မျက်စိကွယ်ခြင်းကို တားဆီးနိုင်ကြေညာခဲ့သည်။
ဆေးတစ်ကြိမ်ထိုးရုံဖြင့် ယင်းကို တားဆီးနိုင်ကာ သက်ကြီးရွယ်အိုများအနေဖြင့် သတင်းစာဖတ်ခြင်း၊ ကားမောင်းခြင်းနှင့် ရုပ်မြင်သံကြားကြည့်ခြင်း တို့ကဲ့သို့သော နေ့စဉ်ပုံမှန်လုပ်ငန်းများကို လုပ်ဆောင်နိုင်လိမ့် မည်ဟုဆိုသည်။ အသက်အရွယ်ကြီးလာသည့်အခါ အမြင် အာရုံဆဲလ်များနှင့် အမြင်လွှာရှိဆဲလ်များ ပျက်စီးမှုကြောင့် မျက်စိမှုန်လာကာ မျက်စိကွယ်ခြင်း ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပညာရှင်များသည် IL-18 ဟု ခေါ်သော ဓာတ်တစ်မျိုးကို တွေ့ရှိခဲ့ပြီး ကိုယ်ခံအား စနစ်တွင် ပါဝင်သော ယင်းဓာတ်မြင့်မား ခြင်းက မျက်စိကွယ်ခြင်းကို ကာကွယ် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ မျက်စိ အတွင်းသို့ IL-18 ထိုးပေးခြင်းအားဖြင့် ယင်းကို ကာကွယ်ပေးနိုင် သည်ဟုဆိုသည်။
8:36 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com