ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီ နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယရဲ့ ပါလီမန် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာ အထူးပါလီမန် ခေါ်ယူ ကျင်းပခဲ့ပါတယ်။
အထူးပါလီမန်မှာ ၀န်ကြီးချုပ် အပါအ၀င်၊ ၀န်ကြီးတွေ၊ ပါတီအသီးသီးက ခေါင်းဆောင်တွေက နှစ် ၆၀ ကာလအတွင်း ပါလီမန်အတွင်းက အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဆိုကြပြီး အနာဂတ်မှာ ပါလီမန်အတွင်း ဘာတွေကို ဘယ်လိုကောင်းအောင်လုပ်ကြမယ်ဆိုတာတွေကို ဆွေးနွေးပြောဆိုကြပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက ပါလီမန်ထဲမှာ ဆွေးနွေးပြောဆိုကြတဲ့အခါ ရန်ပြုနှောင့်ယှက်တဲ့အပြုအမူတွေ နည်းသွားအောင် ကြိုးစားသင့်တယ်လို့ ပြောဆိုပါတယ်။
တခြား ၀န်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကလည်း ပါလီမန်တွင်းမှာ အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်ကြလို့ သဘောထားအမြင်ကွဲလွဲမှုတွေကို တင်ပြဆွေးနွေးတဲ့အခါ အပြုသဘောနဲ့ ဆွေးနွေးကြဖို့၊ အချင်းချင်း ရန်ပြုတာတွေ မလုပ်ကြဖို့တွေ ပြောဆိုတာဟာ ဒီနေ့ အထူးပါလီမန်အတွက် ထင်ရှားတဲ့အချက်ဖြစ်နေပါတယ်။
လက်ရှိအာဏာရ ကွန်ဂရက်ပါတီရဲ့ ဥက္ကဌ ဆိုနီယာ ဂန္ဒီကလည်း ပါလီမန်တွင်းမှာ လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်ကို ဆက်လက်ထိန်းသိမ်းသွားဖို့ လိုတယ်ဆိုတာတွေ ပြောဆိုပါတယ်။
အိန္ဒိယ ပါလီမန်အတွင်း မြင်ကွင်းတခု
ဒီမြင်ကွင်းမျိုးကတော့ အိန္ဒိယပါလီမန်အတွက်ရော အိန္ဒိယပြည်သူတွေအတွက်ပါ မထူးဆန်းတော့တဲ့ မြင်ကွင်းတခုပါပဲ။
5:53 AM
Admin


Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com