22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

သုံးခွမြို့ အမေ့အိမ် ပညာဒါန (အခမဲ့ ) ကျောင်းဖွင့်လှစ်ခြင်း

အရည်အသွေးမြင့် လူ့ စွမ်းအားအရင်းအမြစ်များဖွံ့ ဖြိုး တိုးတက်လာစေရန်
နှင့် သုံးခွမြို့ နယ်၌ထင်သာမြင်သာသောပညာရေး ကဏ္ဌပုံရိပ်များပိုမို
ထင်ဟပ်လာ စေရန်ရည်ရွယ်၍ရန်ကုန်တိုင်း ဒေသကြီး
တောင်ပိုင်းခရိုင်သုံးခွမြို့  အိမ်အမှတ် (၆၈/၃)အောင်ဇေယျလမ်း
အမှတ်(၄)ရပ်ကွက် တွင်တည်ထောင်ထားသော အမေ့အိမ် (၁) ပညာဒါန(အခမဲ့ )
စာသင်ကျောင်းအား မေလ ၂၂ ရက် အင်္ဂါနေ့  နံနက် (၉နာရီ၃၀မိနစ်)အချိန်တွင်
စသင်ဖွင့်လှစ်သင်ကြားပို့ ချခဲ့ ပါသည်။

ထိုသို့ သင်တန်းမဖွင့်လှစ်မီတစ်နာရီခန့် အလိုတွင်ကျောင်းသား၊မိဘ၊ ဆရာ၊
ဆရာမများအားသင်တန်းနည်းပြဆရာဦးကြည်လှ မှ အမေ့ရင်ခွင်သည် နွေးထွေး ၊
ငြိမ်းချမ်း ၊ လုံခြုံ စိတ်ချရမူ့  အရှိဆုံးနေရာဖြစ်သည်။
မွေးကင်းစအရွယ်မှ စကာ လို အင်ဟူသမျှအ၀၀ကိုမပူပင် မကြောင့်ကြရဘဲ
ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခဲ့ ကြ သလို ယခု မိမိတို့ ၏အမေ့အိမ် (၁)
ပညာဒါန အခမဲ့ စာသင်ကျောင်းမှာလည်း ကျောင်းသူကျောင်းသားများအပေါ်
အတတ်နိုင်ဆုံး ပေးစွမ်းသွား မှာဖြစ်ကြောင်း နှင့် စေတနာရှင်၊ သဒ္ဓါရှင်၊
ကရုဏာရှင် သုံးဦးပူးပေါင်း ၍တည်ထောင် ထားသော ကြောင့်အမေ့အိမ် (၁) ပညာဒါန
အခမဲ့ စာသင်ကျောင်းသည် တိုတောင်း သော အချိန်ကာလ အတွင်း
အောင်မြင်မှုများသေချာပေါက် ရရှိ သွားမှာ ဖြစ်ကြောင်း နှင့် မင်္ဂလာပါ
ဟူ၍နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါသည်။

ထို့ နောက်ရန်ကုန်မြို့  အမျိုးသားဒီမိုကရေ စီအဖွဲ့ ချုပ်
ပညာရေးကွန်ရက်မှ ဆရာ ဦးသော်တာအောင် မှ မိန့် ခွန်းပြောကြားရာတွင် မိမိ
တို့ သည် သုံးခွမြို့နယ် တွင် အမေ့ အိမ်(၁) ပညာဒါန အခမဲ့ကျောင်းအား 
စွမ်းအားအပြည့် ဖြင့် ၀န်းရံ ပေးသွား မှာဖြစ်ကြောင်း
တာဝန်ရှိလို့ လုပ်တာမဟုတ် တာဝန်သိလို့ လုပ်တာဘဲ ဖြစ် ကြောင်း
နှင့်ပညာရေးကွန်ရက် ဖွဲ့ စည်းရခြင်းအနှစ်သာရများကို ရှင်းပြသွားခဲ့ ပါသည်။

ထိုသို့ သင်ကြားပို့ ချရန်ဝိဇ္ဇ္ဇ္ဇာနှင့်သိပ္ပံဘာသာရပ် နှစ်မျိုး စလုံး
အတွက်ဆရာ (၇) ဦး၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၁၇)ဦး မှသင်ကြားပို့ ချသွား မည်ဖြစ်ကြောင်း နှင့်  ကျောင်းသား (၄၁) ဦး၊ကျောင်းသူ (၃၅) ဦး 
သင်ယူမှုပြုနေပြီဖြစ်ကြောင်းသိရှိ ခဲ့ ရ သလို အဆောက်အဦးမှာ
(၂)ထပ်ဖြစ်သော်လည်း တို တောင်းသော အချိန် ကာ လအတွင်း
 ကျောင်းသားဦးရေများပြားလာ သည်နှင့်အမျှစိတ် သက်တောင် သက် သာစွာဖြင့်
ပညာသင်ကြားနိုင်စေရေးအတွက် ကျယ်ဝန်းသည့် အဆောက်အဦး လို
အပ်လျှက်ရှိကြောင်း သိရှိရသည်။

၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်းကျရှုံး သူ ကျောင်းသားကျောင်းသူ များအား လည်း
ဆက်လက်ပညာသင်ကြား နိုင်စေရန် အတွက် စီစဉ်ဆောင်ရွက် လျှက်
ရှိကြောင်းသိရှိရပါသည်။

သင်ကြားမှု သင်ယူမှု၊ အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများပါ လက် ခံ
လျှက်ရှိကြောင်း၊
အမေ့အိမ် (၁)
ပညာဒါန (အခမဲ့ ) စာသင်ကျောင်း
အမှတ် (၆၈/၃) အောင်ဇေယျလမ်း (၄)ရပ်ကွက်၊
သုံးခွမြို့ ၊၊
ဆက်သွယ်ရန်ဖုန်းနံပါတ်
ဦးချစ်ကို ၀၉၈၆၄၆၀၁၇
ကိုနိုင်လင်းအောင်   ၀၉၅၁၄၅၁၅၀
ကိုအောင်ကျော်လင်း ၀၉၄၃၁၈၈၈




Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )