22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

အလုပ်သမားရပိုင်ခွင့်နှင့်ပတ်သတ်၍ အလုပ်သမားအဖွဲ့များက သင်တန်းပေးမည်

ယမင်း (မြစ်မခ)
ဧပြီ(၂)ရက်၊ ၂၀၁၂ခုနှစ်။

အလုပ်သမားအဖွဲ့အစည်းများက အလုပ်သမားများ၏ ရပိုင်ခွင့်နှင့်ပတ်သတ်၍ သင်တန်းများပို့ချ ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်းများထံက သိရှိရသည်။


လှိုင်သာယာ၊ တိုင်ရီဖိနပ်စက်ရုံမှ အခြေခံအလုပ်သမားအဖွဲ့အစည်းရှိအဖွဲ့ဝင် (၄၀)ဦးဝန်းကျင်အား လုပ်သား စီးပွားဘာသာရပ်၊ လုပ်သား ဥပဒေဘာသာရပ်၊ နိုင်ငံတကာအလုပ်သမားစံနူန်းဘာသာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


“အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေကို သုံးပွင့်ဆိုင်(စီးပွားရေးလုပ်ငန်းရှင်၊ အလုပ်သမား၊ အစိုးရ ကိုယ်စား လှယ်) ညှိနိုင်းတိုင်ပင်၊ ဖြန်ဖြေခြင်းနဲ့ဆိုင်တာတွေကို ဆွေးနွေးမယ်၊ အလုပ်သမားတွေရပိုင်ခွင့်ကို ဘယ်လို ယူနိုင်လဲဆိုတာတွေ ဆွေးနွေးသွားမှာဖြစ်တယ်”ဟု တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံ ရှေ့နေဖိုးဖြူကပြောသည်။


သင်တန်းအား စီးပွားရေးပညာရပ်ဆိုင်ရာ ကျောင်းဆင်းများ၊ ဥပဒေပညာရပ်ဆိုင်ရာ ကျောင်းဆင်းများမှ ၂၀၁၂ ခုနှစ်၊ မေလ (၂၀) ရက်နေမှစ၍  အပတ်စဉ် တနင်္ဂနွေနေ့တွင် ဆူးလေ၊ ပန်းဆိုးတန်းမှတ်တိုင်၊ တိုက်အမှတ် ၁၈၅၊ ဒုတိယထပ်တွင် သင်ကြာပေးသွားမည်ဖြစ်သည်။

 “ကျွန်မတို့နိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ အလုပ်သမားက လုပ်ခတို့ အချိန်တို့  အများကြီး နစ်နာဆုံးရှုံးနေတာ ကိုတွေ့ရတယ်။ အလုပ်သမားတွေဆို သူတို့ရပိုင်ခွင့်တောင် သူတို့မသိတဲ့သူတွေ အများကြီးတွေ့ရတယ်။ အဲဒါကြောင့် အခုသင်တန်းကလည်း အလုပ်သမားတွေအတွက်အထောက်အကူဖြစ်ဖို့ အတွက်ဆွေးနွေးမှာပါ” ဟု လှိုင်သာယာ၊ တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမား အဖွဲ့စည်း ဥက္ကဌဒေါ်မိုးဝေကပြောသည်။

လှိုင်သာယာမြို့နယ်၊ တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားတောင်းဆိုမှုများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ (၂၃)ရက် နေ့တွင် အခြေခံအလုပ်သမားသမ္မဂအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ ဧပြီလ (၂၅)ရက်နေ့တွင် အခြေခံ အလုပ်သမားအဖွဲ့စည်းအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါ စက်ရုံတွင်း လူဦးရေ (၁၂၆၆) ဦးနှင့် လူဦးရေ (၂၀၀) ဦးဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့စည်း (၂) ခုရှိကြောင်း သိရသည်။

 “ကျွန်တော့်အမြင်တော့ ကောင်းတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ခနဲ့ လစာမညီမျှဘူးလေ။ အဲဒါတွေကို ဘယ်လိုတောင်းဆိုရမယ်၊ ဘယ်လိုရယူနိုင်လဲဆိုတာကို အလုပ်သမားတွေသိလာမယ်ဆိုရင် ကောင်းပါတယ်” လှိုင်သာယာ၊ ၁၈ ရပ်ကွက်၊ ရွေရင်အေးဈေးအနီးတွင်နေထိုင်သူ ကိုစန်းဝင်းကပြောသည်။

အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို အပြည့်အ၀ရရှိအောင်   ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ အလုပ်သမားများကလည်း စက်ရုံ၊အလုပ်ရုံ ဌာနအသီးသီးတွင် ထုတ်လုပ် ၀န်ဆောင်မှုများ အစဉ်တိုးတက်မှုရှိအောင် ဆောင်ရွက်ပေးမှ နိုင်ငံတော်၏ စိးပွားရေးတိုးတက်လာခြင်းနှင့် အတူ လူမှုရေးကာကွယ်စောင့်ရှောက်မှု၏ အကျိုးကျေးဇူးများကို ပြည်သူတစ်ရပ်လုံးနှင့် အလုပ်ရှင် အလုပ် သမားများအပါအ၀င် နောင်လာနောင်သားများ ခံစားခွင့်ရကြမည် ဖြစ်ပါကြောင်း ဆက်ပြောဆိုသည်။

 Shwe Myitmakha Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )