ဘာစီလိုနာ အသင်းက ပစ်မှတ် ထားနေသော်လည်း ဂါရတ်သ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း စပိန် သတင်း ဌာနများက ဖော်ပြခဲ့သည်။
ဘာစီလိုနာက ဝေလ လက်ရွေးစင် တောင်ပံ လူအတွက် ပေးချေနိုင်စွမ်း မရှိသော ယူရို သန်း(၄၀)ကို ရီးယဲလ်က ပေးချေကာ စပါးနှင့် သဘော တူညီမှု ရရှိ လာနိုင်ကြောင်း သတင်းများက ဆိုသည်။ စပါးအသင်း မန်နေဂျာ ဟယ်ရီ ရက်နပ်က မိမိတို့သည် ဘေးလ်ကို ရောင်းချဖြစ်မည် ဆိုသော ဖော်ပြချက်များအား ငြင်းဆန်ထားခဲ့သည်။ သို့သော်လည်း The People ကမူ ဘေးလ်သည် ယခု နွေရာသီတွင် ဘာနေဗျူးသို့ ဦးတည်ရန် အတွက် ၀ှိုက်ဟတ်လိန်းကို စွန့်ခွာရန် အသင့် ဖြစ်နေပြီဟု အခိုင်အမာ ရေးသားသွားသည်။
အသင်းပြောင်းဖွယ် ရှိသည့် ဘေးလ်
စပါးသည် ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ်တွင် ဖူလ်ဟမ်ကို (၂-၀)ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ် ၀င်ခွင့်နေရာ ရရှိခဲ့သည်။ သို့သော်လည်း ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ်တွင် ဗိုလ်စွဲပါက စတုတ္ထ နေရာတွင် ရပ်တည်မှုသည် စပါးအတွက် မလုံလောက်ဘဲ ချန်ပီယံလိဂ် ကစားခွင့်ကို အဆုံးရှုံး ခံရမည်ဖြစ်သည်။ ဘေးလ်သည် ချန်ပီယံလိဂ် ကစားခွင့် မရပါက စပါးကို သေချာပေါက် ကျောခိုင်းထွက်ခွာရန် စဉ်းစားမည် ဖြစ်သည်။ ဘယ်နောက်ခံ ကစားသမား တစ်ဦးကို အလိုရှိနေသည့် ဘာစီလိုနာသည် ဘေးလ်ကို အဓိက ပစ်မှတ် ထားနေသော်လည်း ရီးယဲလ်က ပိုမို အခွင့်အရေး သာနေကြောင်း စပိန်သတင်းဌာန Marcaက ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးသည် ဘေးလ်ကို အနီးကပ် စောင့်ကြည့်လျှက် ရှိနေသည်။ ရက်နပ်ကမူ "ဘေးလ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေအကြောင်း ကျွန်တော် ဘာမှ မသိပါဘူး။ ခုချိန်မှာ ကျွန်တော်တို့ အနေနဲ့ လက်တွေ့မကျတာတွေကို ဘာမှ စဉ်းစားနေစရာလည်း မလိုဘူးလေ"ဟု ပြောကြားသွားသည်။
Ref: Cruhchsports
ဘယ်နောက်ခံ ကစားသမား တစ်ဦးကို အလို ရှိနေသည့် ဘာစီလိုနာသည် ဘေးလ်ကို အဓိက ပစ်မှတ် ထားနေသော်လည်း ရီးယဲလ်က ပိုမို အခွင့်အရေး သာနေကြောင်း စပိန် သတင်းဌာန Marcaက ဖော်ပြခဲ့...
6:28 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com