22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, May 26, 2012

အီဗရာနှင့် ဖြစ်ခဲ့သော ပြဿနာတွင် မိမိဘက်မှ လုံးဝ စိတ်ရှင်းကြောင်း ဆွာရက်ဇ်ဆို

ပက်ထရစ် အီဗရာကို လူမျိုးရေး ခွဲခြားမှုဖြင့် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံရသော ကိစ္စ တစ်ခုလုံးတွင် မိမိ၏ စိတ်သည် အရှင်းအတိုင်းဖြစ်ပြီး အပြစ်မရှိဟု ယုံကြည်ကြောင်း လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။


လီဗာပူးလ် အသင်း၏ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးက မိမိသည် ခိုင်လုံသော သက်သေ အထောက်အထားမျိုး မရှိဘဲ ပြစ်ဒဏ်ချမှတ် ခံရခြင်း ဖြစ်သလို အီဗရာအပေါ် ပြောဆိုခဲ့မှုတိုင်းတွင် စော်ကားရန် ရည်ရွယ်ချက် မရှိဟု စိတ်ရှင်းကြောင်း ဖွင့်ဟခဲ့သည်။ ရုရှားသတင်းဌာန Russia Todayနှင့် အင်တာဗျူးတွင် အသက်(၂၅)နှစ်ရှိ ဆွာရက်ဇ်က "ကျွန်တော့်ကို ချမှတ်ခဲ့တဲ့ ပွဲပယ် ပြစ်ဒဏ်မျိုးကို ထူးဆန်းပြီး မယုံနိုင်စရာပဲလို့ ပြောကောင်း ပြောနိုင်တယ်"ဟု ပြောဆိုခဲ့သည်။ "ဖြစ်စဉ် တစ်ခုလုံးမှာ ကျွန်တော် အပြစ်ရှိပါတယ်ဆိုတဲ့ ခိုင်ခိုင်မာမာ သက်သေပြချက် ဘာမှ မရှိဘူး။ ဒါပေမဲ့ကျွန်တော် ဘာမှ မပြောဘဲ ပြစ်ဒဏ်ကို လက်ခံခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြေရှင်းတာနဲ့ ပြစ်ဒဏ်ကို ပိုပြီး တိုးမြှင့်ဖို့ စီစဉ်ထားသလို ဖြစ်နေတာကိုး။ ကိစ္စတွေကို ဆက်မရှည်စေချင်လို့ ကျွန်တော် ဘာမှ မပြောနေတော့ဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်က အရမ်းရှင်းပါတယ်။ ကျွန်တော့် မိသားစုနဲ့ ကလပ်အသင်းကလည်း ဒါကို ယုံကြည်တယ်"ဟု ဆွာရက်ဇ်က ပြောကြားသွားသည်။
အီဗရာနှင့် ဖြစ်ရပ်အတွက် စိတ်ရှင်းသည် ဆိုသည့် ဆွာရက်ဇ်

၎င်းက "ကျွန်တော်ဟာ ဥရုဂွေး နိုင်ငံသားပါ။ ဥရုဂွေးမှာ လူမည်းတွေ အများကြီး နေထိုင်တယ်ဆိုတာ လူတိုင်းသိတယ်။ ကျွန်တော့် အသင်းဖော်တွေ၊ သူငယ်ချင်းတွေထဲမှာ လူဖြူရော၊ လူမည်းရော ပါတယ်။ လီဗာပူးလ်မှာရော၊ နယ်သာလန်မှာ ကစားတုန်းကရော၊ လက်ရွေးစင် အသင်းမှာရောပေါ့။ နယ်သာလန်မှာဆို ဆူရီနမ် လူမည်းတွေ တော်တော်များတယ်။ ကျွန်တော် အဲဒီတုန်းက ခုလို ပြဿနာမျိုး လုံးဝ မရှိခဲ့ပါဘူး။ နယ်သာလန်ဟာ ကမ္ဘာပေါ်မှာ လူမည်းအများဆုံး နေတဲ့ နိုင်ငံတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမျိုးအတွက် ဘာမှ အလေးမထားပါဘူး"ဟုလည်း ပြောဆိုသွားသည်။

ဆွာရက်ဇ်သည် အီဗရာကို နီဂရိုးဟု သုံးနှုန်း စော်ကားသဖြင့် (၈)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခြင်း ခံခဲ့ရသည်။ ၎င်းကမူ အဆိုပါ ဝေါဟာရသည် ဥရုဂွေးတွင် ခင်မင်သူချင်း သုံးနှုန်းပြီး ထိခိုက်နာကျင်အောင် ရည်ရွယ်ခြင်း မရှိဟု အစဉ်တစိုက် ပြောဆိုခဲ့ဖူးသည်။
Ref: Daily Mail
ဖြစ်စဉ် တစ်ခုလုံးမှာ ကျွန်တော် အပြစ်ရှိပါတယ်ဆိုတဲ့ ခိုင်ခိုင်မာမာ သက်သေပြချက် ဘာမှ မရှိဘူး။ ဒါပေမဲ့ကျွန်တော် ဘာမှ မပြောဘဲ ပြစ်ဒဏ်ကို လက်ခံခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြေရှင်းတာနဲ့ ပြစ်ဒဏ်ကို ပိုပြီး တိုးမြှင့်ဖို့ စီစဉ်ထားသလို ဖြစ်နေတာကိုး...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )