22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 24, 2012

ဗန်ပါစီအား ဆက်ထိန်းထားရန် အာဆင်နယ်ကို ချိန်ဘာလိန် တိုက်တွန်း

အာဆင်နယ် လူငယ် တောင်ပံ ကစားသမား အဲလက်စ် အိုလိဒ် ချိန်ဘာလိန်က အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီအား လက်လွတ် မခံရန် အသင်းအား တိုက်တွန်းလိုက်သည်။

အင်္ဂလန်၏ တက်သစ်စ ကစားသမားလေးက အာဆင်နယ် အနေဖြင့် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗန်ပါစီကို ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးဖြင့် ဆက်လက် ထိန်းသိမ်း ထားရမည်ဟု မှတ်ချက် ပြုခဲ့သည်။ "ဒီရာသီမှာ ဗန်ပါစီ အသင်းအတွက် သွင်းပေးခဲ့တဲ့ ဂိုးတွေက ကျွန်တော်တို့ အတွက် ဘယ်လောက် အရေး ပါခဲ့တယ် ဆိုတာ အားလုံး အသိပါ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ပါပဲ" ဟု ဗန်ပါစီ အပေါ် ချိန်ဘာလိန်က ညွှန်းဆို မှတ်ချက် ပြုခဲ့သည်။ ၎င်းက "ဗန်ပါစီဟာ အ၀တ် လဲခန်းမှာလည်း အရေးပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ကို ကူညီသလို ကစားသမားတွေ ဘယ်လို ခံစားမိသလဲ ဆိုတာကို မန်နေဂျာဆီ တိုက်ရိုက် ပြောပြတတ်သူပါ။ ကျွန်တော်တို့ ဘာလုပ်ချင်တယ်၊ ဘာလုပ်ရင် ပိုကောင်းမယ် ထင်တယ် ဆိုတာတွေကို သူက နားလည် ပေးပါတယ်"ဟုလည်း ဆိုသည်။


ဗန်ပါစီသည် အသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့ပြီး အာဆင်နယ်က တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၃၀၀၀၀)ဖြင့် စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းဆိုထားသည်။ အသက်(၁၈)နှစ်ရှိ ချိန်ဘာလိန်က "ဗန်ပါစီဟာ အသင်းကို သူရောက်စတုန်းက အခြေအနေနဲ့ ကျွန်တော်နဲ့ ဆင်တူတဲ့ အကြောင်း ပြောပြတယ်။ သူက ပွဲတစ်ပွဲမှာ ဂိုးသွင်းမယ်၊ ဒါမှမဟုတ် နှစ်ဂိုးထိ သွင်းမယ်။ ဒါပေမဲ့ မန်နေဂျာက နောက်ပွဲမှာ သူ့ကို သုံးချင်မှ သုံးတာကို နားလည် ပေးခဲ့တယ်လို့ ပြောပြပါတယ်။ ကျွန်တော့်ကိုလည်း ဘာတွေဖြစ်ဖြစ် အမြဲတမ်း စူးစူးစိုက်စိုက် ကြိုးစားနေဖို့ တိုက်တွန်းတယ်"ဟု ပြောကြားခဲ့သည်။

ဒီရာသီမှာ ဗန်ပါစီ အသင်းအတွက် သွင်းပေးခဲ့တဲ့ ဂိုးတွေက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာ အားလုံး အသိပါ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး တိုက်စစ်မှူး တစ်ယောက်ပဲ...
၎င်းက "တကယ်လို့ အာဆင်နယ်မှာ ဗန်ပါစီ ဆက်နေမယ်ဆိုရင် သိပ်ကောင်းမှာပါ။ ပြောရရင် သူဆက်နေမှာ မဟုတ်ဘူးလို့ ခံစားမိတယ်။ တစ်ဖက်မှာလည်း သူဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်" ဟုလည်း ဖွင့်ဟ သွားခဲ့သည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )