22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

နောက်ဆုံး ပွဲစဉ်တွင် အရေးနိမ့်ခဲ့သော လီဗာပူးလ် ~ ဆွမ်ဆီး ၁ - ၀ လီဗာပူးလ်

ဆွမ်ဆီးအသင်းနှင့် ပွဲစဉ်တွင် လီဗာပူးလ်အသင်း အရေးနိမ့်သည့်နောက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အနိမ့်ပါးဆုံး ရပ်တည်မှုအဖြင့် အဋ္ဌမ နေရာဖြင့် ရာသီသိမ်းခဲ့ပြီဖြစ်သည်။


ယခုရာသီ တန်းတက်လာသော အသင်းများအနက် ခြေစွမ်းထက်မြက်သော အသင်းကောင်းတစ်ခုအဖြစ် ရပ်တည်ခဲ့သော ဆွမ်ဆီးသည် အိမ်ကွင်းတွင် ဒန်နီရယ်လ် ဂရေဟမ်၊ စကော့ ဆင်ကလဲယား၊ နသန်ဒိုင်ယာ၊ ဂျိုးအလန်၊ လီယွန် ဘရစ်တန်၊ ဂိုင်လ်ဖီ ဆီဂါ့ဒ်ဆန်၊ နေးလ်တိုင်လာ၊ အက်ရှ်လေ၀ီလျံစ်၊ စတီဗင် ကော်လူကာ၊ အိန်ဂျယ်လ် ရန်ဂျယ်လ်၊ မိုက်ကယ်ဗွမ်းတို့ဖြင့် ယခုပွဲကို ခင်းကျင်းလာသည်။ လီဗာပူးလ်တွင်မူ အန်ဒီကာရိုးလ်၊ လူးဝစ်ဆွာရက်ဇ်၊ စတီးဝပ်ဒေါင်းနင်း၊ ဂျွန်ဂျိုရှယ်လ်ဗီ၊ ဂျော်ဒန်ဟန်ဒါဆင်၊ မက်ဇီ ရိုဒရီဂွတ်ဇ်၊ ဂလင်းဂျွန်ဆင်၊ ဒန်နီရယ်လ် အဂ္ဂါ၊ ဂျေမီကာရေဂါ၊ မာတင်ကယ်လီနှင့် အလက်ဇန္ဒား ဒိုနီတို့ ပွဲထွက်လာသည်။
နောက်ဆုံးပွဲတွင် မျက်နှာပန်း မလှခဲ့သည့် လီဗာပူးလ်

ပွဲချိန် (၇)မိနစ်တွင် အလန် ပေးပို့သည့် ဘောလုံး အတန်ငယ် အားများနေသဖြင့် ဂရေဟမ် လွဲချော်ခဲ့သည်။ (၁၀)မိနစ်တွင် ကာရိုးလ်၏ နောက်ပြန်ပေးပုံ မှားယွင်းမှုကြောင့် ဒိုနီဘောလုံးကို လက်ဖြင့်ဖမ်းခဲ့ရာ ဆွမ်ဆီးတို့ ဂိုးဧရိယာထဲ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ ယင်းကို ဆင်ကလဲယား ကန်သွင်းသော်လည်း ဂိုးမ၀င်ခဲ့ချေ။ (၂၂)မိနစ်တွင် ဆီဂါ့ဒ်ဆန် လှမ်းကန်သော ဘောလုံးကို မက်ဇီက ဂိုးစည်းပေါ်မှ ရှင်းထုတ်သွားခဲ့သည်။ (၃၂)မိနစ်တွင် ဆီဂါ့ဒ်ဆန်၏ အားထုတ်မှုကို ဒိုနီ အကောင်းဆုံး ကာကွယ်သွားပြန်သည်။ ပထမပိုင်း ပြီးခါနီးတွင် ၎င်းအား လိုက်လံဖျက်ထုတ်နေသည့် ၀ီလျံစ်အား ကာရိုးလ်က ဒေါသတကြီး ဆွဲလှဲကာ ကိုယ်ထိလက်ရောက် ရန်ပြုခဲ့သည်။ ယင်းကိစ္စတွင် ဒိုင်က ကစားသမား (၂)ဦးလုံးကို အ၀ါကတ်ပြသ သတိပေးသွားသည်။ ပထမပိုင်းတွင် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့သည်။

ပွဲချိန် (၅၅)မိနစ်တွင် ကယ်လီ မြှောက်တင်ပေးသော လက်ပစ်ဘောမှတစ်ဆင့် ကာရိုးလ်က လှလှပပ နောက်ပြန်ကန်သွင်းသော်လည်း ဗွမ်းက လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်သွားသည်။ (၇၆)မိနစ်တွင် လူစားဝင် ကစားသမား ဒါ့ခ်ကောက်၏ ဖန်တီးပေးမှုမှတစ်ဆင့် ကာရိုးလ် ဂိုးသွင်းရန် အားထုတ်မှုသည်လည်း ဗွမ်းကို မကျော်နိုင်ခဲ့ပြန်ချေ။ (၈၆)မိနစ်တွင် ဆွမ်ဆီးတို့ ဂိုးရသွားသည်။ ညာခြမ်းမှ ရန်ဂျယ်လ် ပေးပို့သည့် ဘောလုံးကို ဂရေဟမ်က ဧရိယာအတွင်းမှ ကန်ထည့်သွားခြင်း ဖြစ်သည်။ ပွဲပြီးခါနီးတွင် ဆွာရက်ဇ်၏ ကန်သွင်းချက်ကို ကော်လူကာက တားဆီး ကာကွယ်ခဲ့သလို ထောင့်ကန်ဘောမှတစ်ဆင့် ကာရိုးလ်၏ ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ် ကျော်သွားသည့်နောက် လီဗာပူးလ်တို့ သရေဂိုး ပြန်မသွင်းနိုင်ဘဲ (၁-၀)ဖြင့် အရေးနိမ့်ခဲ့သည်။

ယခုပွဲ အရှုံးနှင့်အတူ လီဗာပူးလ်သည် ပရီးမီးယားလိဂ် နှစ်ပေါင်း (၂၀)အတွင်း အမှတ်ပေးဇယား အဆိုးရွားဆုံး ရပ်တည်မှုအဖြစ် အဆင့်(၈)နှင့် ရာသီသိမ်းခဲ့ရသည်။
Ref: Eurosport
ညာခြမ်းမှ ရန်ဂျယ်လ် ပေးပို့သည့် ဘောလုံးကို ဂရေဟမ်က ဧရိယာအတွင်းမှ ကန်ထည့်သွား ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )