22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 28, 2012

ပဲခူးမြို့မှ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဒေါ်ဖြူဝင်းသက်ရဲ့ လူမဆန်စွာ နှိပ်စက်မှုကို ခံခဲ့ရတဲ့ မအေးယုအောင်အား ပြည်တွင်းပြည်ပမှ အလှူငွေများ သွားရောက်ပေးအပ်ခဲ့

ပဲခူးမြို့မှ ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏
ဇနီးဒေါ်ဖြူဝင်းသက်ရဲ့ လူမဆန်စွာ နှိပ်စက်မှုကို ခံခဲ့ရတဲ့ မအေးယုအောင်အား ပြည်တွင်းပြည်ပမှ အလှူငွေများအား ပေးအပ်ခဲ့
သတင်း၊ ဓာတ်ပုံ (Ko Ye)
ကျောက်ကြီးမြို့ အုပ်ချုပ်ရေးပိုင်းက အတွင်းရေးမှူးက သက်သေ လက်မှတ် ထိုးပေးထားပါတယ်။
ပြီးခဲ့တဲ့ (၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဥဿာမြို့သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ ... လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ အိမ်တွင် ငှားနေသော ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုက်တာ ကြာလို့ဆိုပြီး မီးပူဖြင့် ထိုးကပ် ခဲ့ပါတယ်..။

 အဆိုပါ ဖြစ်ရပ်အား မအေးယုအောင် ဈေးဝယ်ထွက်စဉ်မှာ ပတ်ဝန်းကျင် ရပ်ကွက် ပြည်သူများမှ တွေ့မြင်သိရှိခဲ့ပြီး   အဆိုပါ လူမဆန်မှုအား ရင်ဖွင့်ပြောကြားခဲ့ရမှ သတင်းမီဒီယာများရဲ့ ထုတ်လွှင့် ဖော်ပြမှုကြောင့် အများပြည်သူမှ သိရှိခဲ့ကြပါတယ်..။ ထိုသို့ မီဒီယာများတွင် ဖော်ပြပါရှိမှုကြောင့် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့မှမအေးယုအောင်အား ရန်ကုန်မြို့သို့ တိမ်းရှောင် ခေါ်ဆောင်လာကာ အခန်းတခန်းမှာ ကွယ်ဝှက်ထားရှိခဲ့ပါတယ်..။ အဆိုပါ သမီးဖြစ်သူအား လူမဆန်စွာ နှိပ်စက်ညှင်းပန်းမှု အဖြစ်အပျက်အား သိရှိခဲ့ရတဲ့ ကျောက်ကြီး မြို့နေမိခင်ဖြစ်သူ မကြူမှ သွားရောက် ပြန်လည် ခေါ်ဆောင်စဉ်မှာတော့ တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဇနီးဖြစ်သူတို့မှ တရားစွဲဆိုခြင်း မပြုနိုင်ရန် အတင်းအကြပ် လက်မှတ်ရေးထိုး စေခဲ့ပါတယ်...။ ထို့နောက် ဧပြီလ ၂၃ရက်နေ့မှာတော့ မအေးယုအောင်ဟာ မိခင်ထံသို့ ပြန်လည်ရောက်ရှိလာပါတယ်...။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့ လူ့အခွင့်အရေး အဖွဲ့များမှ တရားစွဲဆိုနိုင်ရန် ပြင်ဆက်လျှက် ရှိကြောင်း ယခင်သတင်းများမှာ ဖော်ပြခဲ့ပါတယ်..။

အဆိုပါ တရားသူကြီးနဲ့ ဇနီးတို့ရဲ့ တရားမဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး မအေးယုအောင်အား စာနာထောက်ထားကြတဲ့ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များရဲ့ ပညာသင်စားရိတ် အလှူငွေနဲ့ ကျောင်းသုံးစာအုပ်များအား သွားရောက်လှူဒါန်းခဲ့ပါတယ်..။ ထိုသို့ သွားရောက် လှူဒါန်းစဉ် မအေးယုအောင်အား ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ လူမဆန်စွာ နှိပ်စက်ညှင်းပန်းထားတဲ့ မီးပူနဲ့ကပ်တဲ့ဒဏ်ရာများအပြင်၊ ဓားဖြင့်ခုတ်ရာများ၊ ခေါင်းပေါက်တဲ့အထိ ညှင်းပန်းနှိပ်စက်ထားတဲ့ များအား သတင်းထောက်မှ မှတ်တမ်းတင်ခဲ့ပါတယ်။

ယခုကဲ့သို့ မြန်မာပြည်ရဲ့ အဓိက တရားရေးမဏ္ဍိုင်မှ တရားသူကြီးနဲ့ ဇနီးဖြစ်သူတို့ရဲ့ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုများ မင်းမဲ့တိုင်းပြည်ကဲ့သို့ ဖမ်းဆီးချုပ်နှောင် အတင်းအကြပ် လက်မှတ်ရေးထိုး စေခဲ့မှုများဟာ ပြောင်းလဲနေပါပြီဆိုတဲ့ Clean Government, Good Government လို့ကြွေးကြော် နေမှုများအား အင်မတန် အရုပ်ဆိုးစေတဲ့ အဖြစ်အပျက် တခုဖြစ်စေပါတယ်..။ ယခုထက်တိုင် ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့ (၂)ဦး အရေးယူခြင်း ခံရခြင်း မရှိသေးတဲ့ ဖြစ်ရပ်ဟာလည်း မြန်မာပြည်ရဲ့ တရားရေးဥပဒေအား မေးခွန်းထုတ်စရာ ဖြစ်နေသလို ယခုလတ်တလော ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသနေတဲ့ ပြည်သူများအား အချို့သော မြို့နယ်များမှာ အကြမ်းဖက် ဖြိုခွဲနေမှုများဟာလည်း အထက်ကတမျိုး အောက်ကတဖုံ အပြောတခြား အလုပ်တခြား လုပ်ဆောင်နေမှုများအတွက် နိုင်ငံတကာမှ  ပြောင်းလဲနေပါပြီလို့ သတ်မှတ်ချက်များအားလည်း လက်တွေ့ကျမကျ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်..။ အထက်ပါ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးအား လူမဆန်တဲ့ ညှင်းပန်း နှိပ်စက်မှုများအတွက် ဒုမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်တို့အား ထိထိရောက်ရောက် အရေးယူဆောင်ရွက် ပေးပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်..။
မီးပူနဲ့အကပ်ခံရတဲ့ ဒဏ်ရာတွေက ကျက်နေပြီဆိုပေမဲ့ အမာရွတ်တွေ ကျန်နေပါသေးတယ်။ ဒီဒဏ်ရာတွေက တော့ သေရာပါ ဖြစ်နေနိုင်ပါတယ်။ နောက်ပြီး ရင်ဘတ်နဲ့ ဗိုက်မှာလဲ ဒဏ်ရာရှိသေးကြောင်း ပြောပါတယ်။ (မသင့်တော်လို့ ရိုက်မလာပါဘူး)
 
ခေါင်းပေါက်အောင် အခေါက်ခံထားရတဲ့ ခေါင်းကဒဏ်ရာပါ။ ဒီဒဏ်ရာကြောင့် တစ်ခါတစ်ခါမှာ ခေါင်းတွေမူးကြောင်း ပြောပါတယ်။ (ဒေါ်ဖြူဝင်းသက်တို့ ရက်စက်ပုံကတော့ အောချစရာပါပဲ။ တစ်ကိုယ်လုံးဒဏ်ရာတွေပါပဲ။)

ဒီလက်က ဒဏ်ရာကဓားနဲ့ အခုတ်ခံထားရတာပါ။
မအေးယုအောင် ကိုယ်တိုင်က အလှူငွေ လက်ခံရရှိကြောင်း စာရွက်မှာ ယခုလို ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်...။
ပစ္စည်းတွေပေးအပ်ရင်း ရှင်းလင်းပြောကြားနေစဉ်..။ .
ကိုရဲ၏ ဓာတ်ပုံ သတင်းအား ပြန်လည် ရေးသားဖော်ပြပါသည်..။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )