22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 27, 2012

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။
AFP
မဟာမဲခေါင်ဒေသ ညီလာခံကို တက်ရောက်ရန် အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်။
အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက်အတွင်းရေးမှုး အဖြစ် ပောာင်ကောင် စီးတီးယူနီဗာစတီမှ ဒေါက်တာကျော်ရင်လှိုင်တို့အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် MyanmarEgress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဥာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ်  -ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုရသေး ပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေးအဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )