22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 25, 2012

မန်စီးတီးသည် ဘာစီလိုနာ၊ ရီးယဲလ်တို့နှင့် အဆင့်တူ ဖြစ်လာမည်ဟု အဂူရို ကြွေးကြော်

မိမိတို့ အသင်းသည် ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်တို့နှင့် အဆင့်တူ အသင်းကောင်း တစ်ခု ဖြစ်လာစေမည်ဟု မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂူရိုက ကြွေးကြော်လိုက်သည်။

အာဂျင်တီးနား လက်ရွေးစင် ရှေ့တန်းလူသည် စပိန်ထိပ်သီး ရီးယဲလ်၏ ချိတ်ဆက်ခြင်းကို ခံနေရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ၎င်းသည် (၄၄)နှစ်အတွင်း မန်စီးတီး အသင်း ပထမဆုံး အမှတ်ပေး ချန်ပီယံ ဘွဲ့ကို ရရှိစေသော အဆုံးအဖြတ် အနိုင် ဂိုးကို QPR နှင့် ပွဲစဉ်တွင် သွင်းယူ ပေးခဲ့သူ ဖြစ်သည်။ အဂူရို ကိုယ်တိုင်က မိမိသည် ရီးယဲလ်သို့ သွားမည် မဟုတ်ဘဲ မန်စီးတီးသည် ရီးယဲလ်နှင့် အဆင့်တူ ဖြစ်လာမည့် အခြေအနေကို ယုံယုံကြည်ကြည် စောင့်ဆိုင်း နေကြောင်း ပြောကြားသွားသည်။


အဂူရိုက "ကျွန်တော့် အနာဂတ်ကို ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ပြီးသားပါ။ ကျွန်တော်က နေမယ်လို့ ပြောပြီးရင် မန်စီးတီးမှာပဲ နေပါမယ်။ ကျွန်တော် ဒီမှာ ပျော်နေပါတယ်။ ဒီမှာပဲ ဆက်ကစားချင်တယ်" ဟု အာဂျင်တီးနား အသံလွှင့် ဌာန Rock&Closs သို့ ပြောဆိုခဲ့သည်။ ၎င်းက "မန်စီးတီးဟာ ဘာစီလိုနာနဲ့ ရီးယဲလ်တို့လို အသင်းမျိုးတွေနဲ့ အဆင့်တူ ဖြစ်လာမှာပါ။ ဒါကြောင့်လည်း ကျွန်တော် ဒီမှာ ဆက်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၀င်ကစားဖို့ စိတ်ကူးထားတာ ဖြစ်ပါတယ်" ဟုလည်း ဆိုသည်။

၎င်းက ရီးယဲလ်အသင်း ခေါ်ယူမည်ဟု သတင်း ထွက်နေသော မန်စီးတီး အသင်းဖော် စပိန် လက်ရွေးစင် ဒေးဗစ်ဆေးလ်ဗားကိုလည်း ချီးကျူးခဲ့သည်။ "ဆေးလ်ဗားနဲ့ တွဲကစားရတာ သိပ်ကို လွယ်ပြီး အဆင်လည်း ပြေတယ်။ သူက အရမ်း ထူးချွန်တဲ့ သူပါ" ဟု အဂူရိုက မှတ်ချက် ပြုသွားသည်။
Ref: Soccernet
မန်စီးတီးဟာ ဘာစီလိုနာနဲ့ ရီးယဲလ်တို့လို အသင်းမျိုးတွေနဲ့ အဆင့်တူ ဖြစ်လာမှာပါ။ ဒါကြောင့်လည်း ကျွန်တော် ဒီမှာ ဆက်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ၀င်ကစားဖို့ စိတ်ကူးထားတာ ဖြစ်ပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )