22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ပြင်ဦးလွင်မှာ ရိုက်ကွင်း တည်ကြတဲ့ ဗီဒီယို အဖွဲ့တွေ များလာတာကြောင့် တည်းခိုစရာ အခက်အခဲကြုံနေရ

ဇာတ်ကားရိုက်ကူးမှုတွေကို သင်္ကြန် အပြီးလောက်မှာ ရန်ကုန်ရဲ့နွေအပူဒဏ်ကို လည်းရှောင်ရင်း၊ နယ်ရှုခင်းတွေလည်းရိုက် ရင်းနှစ်တိုင်းလိုလို ပြင်ဦးလွင်မှာ သွားရာက် ရိုက်ကူးလေ့ရှိကြပါတယ်။ ဒီနှစ်မှာ လည်း သင်္ကြန်ပြီးကတည်းက ရန်ကုန်နွေရဲ့ အပူချိန်ကလည်း အလွန်ပူတာကြောင့် အနု ပညာရှင်တော်တော်များများက ပြင်ဦးလွင် မှာပဲ ဇာတ်ကားတွေရိုက်ကူးနေကြပါတယ်။ ဇာတ်ကားတွေကို၂ကားကနေ ၃၊ ၄ကား အထိ ဆက်တိုက်ရိုက်ကူးပြီးရန်ကုန်ကို ပြန် လာကြမယ်လို့လည်း သိရပါတယ်။   နှစ်စဉ် နှစ်တိုင်းလိုလို ဒီလို အချိန်မှာ ပြင်ဦးလွင်ကို သွားရောက်ဇာတ်ကားရိုက်ကူးကြပေမယ့် ဒီနှစ်မှာတော့ရိုက် ကွင်းတော်တော်များများ ကို ပြင်ဦးလွင်မှာပဲ ရိုက်ကွင်း အတည်များ နေပါတယ်။ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက် ကူးမှုများတဲ့အတွက် တည်းခိုဖို့အခက်အခဲ တွေ ကြုံနေရတယ်လို့လည်း ပြင်ဦးလွင် ရောက် အနုပညာရှင်များထံ မှ  ကြားသိရ ပါတယ်။ ပြင်ဦးလွင်မှာ ရောက်ရှိနေတဲ့ ရှုတင်မန်နေဂျာ ဦးတင့်ဆန်းကိုဆက်သွယ် မေးမြန်းကြည့်တော့… ”ဦးတို့က ဧပြီ ၁၈ ရက်ညက ပြင်ဦး လွင်လာတယ် ။  ၁၉ ရက်နေ့မှာ စရိုက်တယ်။ ဒီမှာလည်းနည်းနည်းတော့ပူတာပဲ။ ရန်ကုန် လောက်တော့ မပူဘူး။ မိုးလည်းရွာတယ်။ ဒီမှာ လူအင်အားက တအားများတယ်။ တည်းခိုစရာ မရှိလောက်အောင်ဖြစ်သွား တယ်။ ဒေလီယာဟိုတယ်မှာ အဖွဲ့ ၄ ဖွဲ့ လောက်တည်းတယ်။ မေဦး လွင်ဟိုတယ်မှာ အောင်တိုင်း ကျော်အဖွဲ့ရှိတယ်။ ရွှေစင်ဦး အဖွဲ့ကေ တာ့ သတ်သတ်တစ် နေရာမှာတည်းတယ်။  နန်း တော်ဝင်ဟိုတယ်မှာ စိုင်းစိုင်း ခမ်းလှိုင်တို့အဖွဲ့တွေရယ်၊ ကို ပေါက်တို့ဆီက သရုပ်ဆောင် တွေရယ် အဖွဲ့ ၂ ဖွဲ့လောက် ရှိတယ်။   ဒါရိုက်တာညီညီ အောင်တို့အဖွဲ့လည်း တည်း တယ်။ပြင်ဦးလွင်က ရှုခင်းတွေ လှတော့outdoorအနေနဲ့ဆိုရင်တော့ကောင်း တာပေါ့။ ရန်ကုန်လိုအိမ်ကောင်းေ ကာင်း နဲ့ရိုက်ဖို့အတွက် မရှိဘူးဖြစ်နေတယ်။လော လောဆယ်အခက်အခဲဖြစ်နေတာက အိမ်ရှာ ရတာရှားနေတယ်။ ၂ အိမ်၊ ၃ အိမ်လောက်ပဲ ကောင်းကောင်းလေး ရိုက် လို့ရတယ် Outdoor ကတော့ ပြင်ဦးလွင်က လှလှ ပပနဲ့ထူးထူးခြားခြားဖြစ်မယ့် နေရာတွေ ရိုက်တာပေါ့။ ဒီနှစ်တော့ ပြင်ဦးလွင်မှာ မထင်မှတ်လောက်အောင် အဖွဲ့တွေ များတဲ့ အတွက် နေရေးထိုင်ရေး အခက်အခဲ ဖြစ်သွားပါတယ်” လို့ ဆိုပါတယ်။ ပြင်ဦးလွင် မှာပဲ ဗီဒီယိုဆက်တိုက် ရိုက်ကူးဖို့ရှိနေတဲ့ သင်ဇာ ဝင့်ကျော်ကလည်း ပြင် ဦး လွင်ရဲ့ရိုက်ကွင်း အခြေ အနေနဲ့ ပြင်ဦးလွင် လို ကေးရှင်းအခြေအနေ ကို အခုလိုပြောပြတာက…”အခုပြင်ဦးလွင်မှာ ဒါရိုက်တာ ဝင်းထွန်းထွန်း၊ ကိုစိုင်းစိုင်းတို့နဲ့ ရိုက်နေ တယ်။ နောက် တစ်ကားက မန္တလေးမှာရိုက်မယ်။ပြီးရင် ရန်ကုန် ခဏပြန်ပြီး ပြင်ဦးလွင်မှာ နောက် တစ်ကားပြန်ရိုက်မယ်။ ရန်ကုန်မှာ က တအားပူတယ်လေ။ အနုပညာ ရှင်တွေအကုန်လုံးပြင်ဦးလွင်ရောက် နေကြတယ်။ တော်တော်စုံနေပြီ။ ရန်ကုန်မှာဘယ်သူမှ မနေနိုင်ကြ ဘူး။အဲဒါကြောင့် ပြင်ဦးလွင်ကိုလာ ကြတာ။ ပြင်ဦးလွင်အနီးအ နား တစ်ဝိုက်မှာပဲကန်တော်ကြီး၊ မဟာအံ့ထူးကံ သာဘုရား၊ကော်ဖီဆိုင်၊ ဘားလေးတွေ၊ ဟိုတယ်တွေမှာ ရိုက်တာပါပဲ။ ပြင်ဦး လွင်တောင် နေ့ခင်းဆို နည်းနည်းပူချင်နေ ပြီ။ညဘက်မှအေးတာ။ ရိုက်လို့လည်း ကောင်းတယ်။ပိုပြီးအဆင်ပြေတာပေါ့” လို့ ဆိုပါတယ်။ဗီဒီယိုအဖွဲ့တွေအနေနဲ့ ပြင် ဦးလွင်မှာ အဓိကရိုက်ကူးဖြစ်ခြင်းကတော့ ပြင် ဦးလွင်ရဲ့ မရိုးနိုင်တဲ့ လိုကေး ရှင်း အလှအပတွေကြောင့်ပဲ ပြောရမှာဖြစ်ပေမယ့် လည်း ရိုက်ကွင်းတော်တော်များများ ပြင်ဦးလွင်မှာ သွားဆုံတဲ့အခါ မှာ တော့လိုကေး ရှင်းအခက် အခဲတွေ၊ တည်းခိုစရာ အခက် အခဲတွေကတော့ ဖြစ်နေတတ် ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )