22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအားကြိုတင်ရန်မလိုဟု ဒီချုပ်ကိုယ်စား လှယ်များဆို

ရှုမ၀အောင်(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
 
သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်တင်ပြရန် မလို ကြောင်း သြစတြေးလွှတ်တော်အားသွားရောက်လေ့လာခဲ့သော ဒီချုပ်ကိုယ်စားလှယ်များထံက သိရသည်။

 “သြစတြေးလွှတ်တော်မှာက ဆွေးနွေးမယ့်ကြောင်းကိုကြိုတင် ပြောစရာမလိုဘူး မေးခွန်းမေးတဲ့အချိန်ဆိုတာ သူတို့မှုာ သတ်သတ်ရှိတယ်၊ အဲချိန်မှာ ကြိုက်တာမေးလို့ရတယ်” ဟု ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဆိုသည်။

မိမိတို့အနေဖြင့် သြစတြေးလျပါလီမာန်သို့ နှစ်ရက်ခန့်သွားရောက်လေ့လာခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များအတွက် လွှတ်တော်တွင်း၌ သီးသန့်ရုံးခန်းပေးထားကြောင်း မိမိတို့မြန်မာနိုင်ငံနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ရာတွင် မတူညီကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။


သြစတြေးလျ လေဘာပါတီက နိုင်ငံရေးနဲ့သက်ဆိုင်သောသင်တန်းကို ငါးရက်တက်ရောက်ရန် ဒီချုပ်ပါတီအား ဖေဖော်ဝါရီလ ကတည်းက ဖိတ်ကြားခံရ၍ ဒီချုပ်ကိုယ်စားလှယ်(၃)ဦးနှင့်အဆိုတော်လင်းလင်း သွားရောက်ခဲ့ ခြင်းဖြစ်သည်။

 “သြစတြေးလျနိုင်ငံက ဒီမိုကရေစီကိုဖော်ဆောင်တာ နှစ်ပေါင်း၁၅၀လေက်ရှိပြီဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ ကျတော်တို့နိုင်ငံနဲ့မတူပါဘူး ဒါတော့ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
 
သြစတြေးလျလွှတ်တော်တွင်းတွင် အင်းအားကြီးပါတီနှစ်ပါတီနှစ်ပါတီနှင့် အင်အားသေးပါတီငါးပါတီရှိကြောင်း တိုင်းပြည်အရေး ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်၍  ပါတီများ၏ မူဝါဒတွေများအား မည်ကဲ့သို့ အတိုက်အခံ လုပ်ရမည်ကို သိရှိပြီးဖြစ်သည့်    နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလွှတ်တော်တွင် လွတ်လပ်မှုများသည် ဥပဒေကြောင်းအရမရှိကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
 
“ကျတော်တို့နိုင်ငံမှာက ဘယ်ဟာက ပြောခွင့်ရှိတယ် ဘယ်ကပြောခွင့်မရှိဘူး ဘယ်ဟာဆိုရင်တော့ အရေးယူခံ ရနိုင်တယ်ဆိုတဲ့ဟာမျိုးတောင် သိပ်ခိုင်ခိုင်မာမရှိသေးပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းကပြောသည်။


သြစတြေးလျနိုင်ငံသို့ သွားရောက်ရာ အဆိုတော်လင်းလင်းသည် အလုပ်ရုံဆွေးနွေးပွဲ ငါးရက်သင်တန်းပြီး ကတည်းက ပြန်သွားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးသည် သြစတြေးလျ လွှတ်တော်တွင်း သို့ နှစ်ရက်ခန့် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
 
သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သော ဒီချုပ်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တတ်ရောက်မှု နှင့်ပတ်သက်၍ သီးသန့်ကျမ်းကျိန်သွားမည်မဟုတ်ပဲ၊ လာမည့်လွှတ်တော်အစည်းမှသာ ကျမ်းကျိန် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 “ကျွန်တော်တို့ သွားထဲက ခွင့်တိုင်ပြီးသွားတာပါ၊ ဒါကြောင့် သီးသန့်ကျမ်းကျိန် ဖို့တော့မရှိပါဘူး နောက် တစ်ကြိမ်လွှတ်တော်တက်မှပဲ ကျွန်တော်တို့ ကျမ်းကျိန်မှာပါ”ဟု  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်ကပြောသည်။
 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်မှာ နိုင်ငံကူးလက်မှတ်ရရှိရန် ကိုးလကြာကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းမှာ နိုင်ငံကူးလက်မှတ်ရရန် ရှစ်လကြာကြောင်းသိရှိရသည်။
Shwe Myitmakha Media Group
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )