22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 27, 2012

အမေရိကန် လူ့အခွင့်ရေးအဖွဲ့ နဲ့ ၈၈ မျိုးဆက် တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒီနေ့သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မြစ်ကြီးနားမြို့ခံများနှင့် တွေ့ဆုံစဉ်။

ကိုမင်းကိုနိုင် ဦးဆောင်တဲ့အဖွဲ့က HRW ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အီလီယန် တီရက်ဆန် ကို လက်ခံတွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံမှုမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ပြောဆိုကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုပြုံးချိုက ပြောပါတယ်။
လက်ရှိပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်ရေး အတွက် အကျဉ်းထောင်ထဲမှာ မလွတ်ဘဲ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်ရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပပျောက်ရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို အာမခံတဲ့ အခြေအနေဖြစ်မှ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပြီး စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောဆိုထားပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )