22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 16, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ

တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်က မြန်မာလူမျိုးတို့၏ လူမှုဘဝများ တိုးတက်ကောင်းမွန်စေရန် ကြိုး ပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်  တို့သည် ယနေ့နံနက် ၁၀ နာရီခွဲက ဆီဒိုးနား ဟိုတယ်၌တွေ့ဆုံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မနေ့က ပြုလုပ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပွဲမှာ ကျွန်တော်တို့ ကဏ္ဍအတော်များများ ကို တွေ့ဆုံဆွေးနွေး ခဲ့ပါ တယ် ။ကျွန်တော်တို့ ကိုရီးယားတွေ အနေနဲ့ မြန်မာ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားဖို့ အစီအစဉ်တွေ ရှိပါ တယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို ပိုမိုမြှင့်တင်ပေးဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု သမ္မတ အီမြောင်ဘတ် ကပြောကြားလိုက်သည်။

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားအများကြီးပြော့ဖြစ်ပါတယ်။ အဲဒီထဲမှာ ပညာရေး အကြောင်း လည်းပါ ပါတယ်။ ဒီပညာရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်လာ တာဟာ ဒီပညာရေးကြောင့်ပါပဲ။ ဟု ယင်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းမ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )