22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

ပြည်သူ့ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသား NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ယနေ့(မေလ ၂ ရက်နေ့)၌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်
Photo: AFP
မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
554a

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့်စာသားများအတိုင်းသာ ကျိန်ဆိုသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 
အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .

ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရေးမတက်ရေးနှင့် ပတ်သက်၍  ''အဖြေရပြီဆိုတော့ ဒါကိုမြန်မြန်ပဲ ပြောလိုက်ပါမယ်။ မနေ့က ဒေါက်တာအေးမောင် လာတွေ့ပါတယ်။ တိုတိုပြောရရင် ကျွန်မတို့ကို လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေတင် မကဘူး။ တစညလည်း ပါတယ်။ နောက်ပြီးတော့ တခြားပါတီတွေလည်း ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာမှ ပြောင်းလဲစေသင့်တာတွေ ပြောင်းလဲ စေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အင်မတန်မှ မဟာမိတ် သဘောတရား ဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက် ချင်တဲ့ အခြေအနေကို တင်ပြထားတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးတဲ့စာကလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အားလုံးပေါင်း လက်မှတ်ထိုးထားတာက လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပြောင်းလဲချင်တဲ့ကိစ္စတွေ ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်တဲ့စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာကိုလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့  တခြားအဖွဲ့အစည်းတွေ၊  အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်။ ဒီလွှတ်တော်တက်တဲ့ ကိစ္စကို အမြန်ဆုံး လုပ်လိုက်မယ်။ တချို့က မေးမှာပေါ့။ အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စကားလုံးကို လက်မခံဘူး။ အခုကျတော့ ဘာလို့ လက်ခံလဲဆိုပြီးတော့၊ ဒါလက်ခံရတဲ့ အကြောင်းက ကျွန်မက အကြမ်းဖျင်းအားဖြင့် ပြောရင် နံပါတ်တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရပါ။ ကျွန်မတို့ကို မဲဆန္ဒရှင်များက၊ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျွန်မတို့ကို လွှတ်တော်ထဲကို ရောက်သွားတာ အင်မတန်မှ မြင်ချင် ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူလူထု အသံကို နားထောင်နေပါတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲကို ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ မဟာမိတ်တွေဖြစ် တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေပြီးတော့ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်လို့ ပြောထားတဲ့ မေတ္တာရပ်ခံချက်ကို ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ အလေးထားပါတယ်။ အဲဒါကြောင့်မို့ပါ''ဟု ပြောကြားခဲ့သည်။
 
ထို့အပြင် ပါတီမှတ်ပုံတင် ဥပဒေနှင့်ရွေးကောက်ပွဲ ဥပဒေပါ စာသားများကို ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားများကိစ္စကို တစ်ချိန်တည်း မဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ သူမ၏ လစ်ဟင်းမှုသာဖြစ်ကြောင်းနှင့် တာဝန်ယူကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။ 

554b

သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် စကားလုံးများနှင့် ပတ်သက်၍လည်း ထောက်ပြခဲ့ပြီး စကားလုံး အငြင်းပွားမှု ပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ ဥပဒေကိစ္စရပ်တစ်ခုအနေနှင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေနှင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေများကို ပြင်ဆင်ပေးမှုအတွက် သမ္မတကြီး၏ လိုက်လျောမှုကို မမေ့ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
554c

''အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
554d
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )