22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, May 14, 2012

သည်းထိတ်ရင်ဖို အခြေအနေဖြင့် ချန်ပီယံဖြစ်ခဲ့သည့် မန်စီးတီး ~ မန်ချက်စတာစီးတီး ၃ - ၂ QPR

မန်ချက်စတာ စီးတီးအသင်းသည် (၁၀)ယောက်ကျန် QPRအသင်းအား အသည်းအသန် ရုန်းကန် ကစားပြီး နောက်ဆုံးမိနစ် အနိုင်ဂိုးနှင့် အတူ ပရီးမီးယားလိဂ်တွင် ပဉ္စမမြောက် ချန်ပီယံ အသင်းသစ် အဖြစ်  ထွက်ပေါ်လာခဲ့သည်။


မန်စီးတီးသည် အိမ်ကွင်းတွင် ဆာဂျီယို အဂူရို၊ ကားလို့စ်တီဗက်ဇ်၊ ဆမ်မီနာဆရီ၊ ဒေးဗစ်ဆေးလ်ဗား၊ ဂါရတ်သ်ဘယ်ရီ၊ ယာယာတိုရေး၊ ဂေးလ်ကလစ်ချီ၊ ပက်ဘလို ဇာဘလက်တာ၊ ဂျိုလီယန် လက်စ်ကော့တ်၊ ဗင်းဆင့် ကွမ်ပနီ၊ ဂျိုးဟတ်တို့နှင့် ပွဲထွက်လာခဲ့သည်။ တန်းဆင်းဇုန်မှ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသည့် QPRမှာမူ မန်စီးတီး ကစားသမားဟောင်းများ ဖြစ်ကြသည့် ရှောင်ရိုက်ဖီးလစ်၊ ဂျိုယေးဘာတန်တို့အပြင် ဘော်ဘီဇာမိုရာ၊ ဂျီဘရယ်လ်ဆစ်ဆေး၊ ရှောင်ဒယ်ရီ၊ ဂျေမီမက်ကေး၊ တေယီတိုင်ဝို၊ ကလင့်ဟေး၊ အန်တန်ဖာဒီနန်၊ နီဒမ်အိုနူဟာ၊ ပက်ထရစ်ကန်နီတို့ဖြင့် မန်စီးတီးအား ရင်ဆိုင်ခဲ့သည်။
ချန်ပီယံဆု ဆွတ်ခူးသွားသည့် မန်စီးတီး

ယခုပွဲ နိုင်မှသာ ချန်ပီယံဆုကို ရရှိမည် ဖြစ်သောကြောင့် မန်စီးတီးသည် ပွဲစကတည်းက တိုက်စစ်ကို တင်ကစားခဲ့ပြီး QPRကလည်း ခံစစ်ကို အဓိက ဦးတည် ကစားသွားသည်။ (၁၆)မိနစ်တွင် ဆေးလ်ဗား၏ ကန်ချက်ကို ဂိုးသမား ကန်နီ ကာကွယ်နိုင်ခဲ့သည်။ (၂၅)မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် ဆစ်ဆေး အနိမ့်ကန်သွင်းမှုကို မန်စီးတီး ဂိုးသမား ဟတ်က အမိဖမ်းသွားသည်။ ထိုအချိန်တွင် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်သည် ဆန်းဒါးလန်းကို (၁-၀)ဖြင့် ဦးဆောင်နေပြီဖြစ်ရာ မန်စီးတီးအသင်း ဂိုးရရန် ပိုမိုကြိုးစားလာခဲ့သည်။ (၃၉)မိနစ်တွင် မန်စီးတီးတို့ ပွဲကို ဦးဆောင်သည်။ ဒဏ်ရာကြောင့် ခြေထောက်ထော့နင်း ထော့နင်းဖြင့် ဆက်ကစားနေသည့် တိုရေးက ဂိုးဧရိယာအတွင်း အသာအယာ ထုတ်ပေးလိုက်သော ဘောလုံးကို ညာနောက်ခံလူ ဇာဘလက်တာက ကန်နီနှင့် အနီးကပ် အနေအထားတွင် ကန်သွင်းခဲ့သည်။ ကန်နီသည် ဘောလုံးကို ပုတ်ထုတ်ခဲ့သေးသော်လည်း အားပြင်းလွန်းသဖြင့် လက်လန်ထွက်ကာ ဂိုးဝင်သွားခြင်း ဖြစ်သည်။ ထိုဂိုးသွင်းပြီး မကြာမီမှာပင် တိုရေးကို မန်စီးတီးက လူစားလဲခဲ့ရပြီး ပထမပိုင်း အပြီးတွင် မန်စီးတီးက (၁-၀)ဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး (၂)မိနစ်အတွင်း QPRတို့ ဂိုးပြန်သွင်းသည်။ လက်စ်ကော့တ်၏ ခေါင်းတိုက်ချက် အမှားမှတစ်ဆင့် ဆစ်ဆေး ဘောလုံးရလာပြီးနောက် ဂိုးသမားဟတ်၏ ဘယ်ဘက်ထောင့်ကျဉ်းထဲ အပြင်းကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၅၄)မိနစ်တွင် တီဗက်ဇ်နှင့် ငြိသဖြင့် QPRအသင်းခေါင်းဆောင် တိုက်ရိုက် အနီကတ်ထိသည်။ ၎င်းသည် မကျေမနပ်ဖြင့် အဂူရိုအား ဒူးဖြင့် တိုက်ခဲ့ရာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပြီး မန်စီးတီး ကစားဖော်ဟောင်း မီကာရစ်ချတ်က ကွင်းထဲထိ လာရောက်ကာ ၎င်းအား ခေါ်ထုတ်သွားရသည်။ (၅၈)မိနစ်တွင် တီဗက်ဇ်နှင့် အဂူရိုတို့၏ ထပ်ဆင့် ပိတ်သွင်းမှုများကို ကန်နီက လက်စွမ်းပြ ကာကွယ်သွားသည်။ (၆၅)မိနစ်တွင် QPRတို့ ပွဲကို မထင်မှတ်ဘဲ ဦးဆောင်သည်။ ဘယ်ခြမ်းမှတစ်ဆင့် လူစားဝင် ကစားသမား အာမန်ထရာအိုယေး တောက်လျှောက် ဆွဲပြေးလာပြီး ကန်တင်ပေးလိုက်သည်ကို Markingလွတ်နေသည့် မက်ကေးက မြေစိုက် ခေါင်းတိုက်ချက်ဖြင့် ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။
အောင်ပွဲခံနေသည့် မန်စီနီ

အနိုင်မှ အရှုံးသို့ ပြောင်းသွားသည့်နောက် မန်စီးတီးသည် တိုက်စစ်ကို အပြင်းထန်ဆုံး အရှိန်မြှင့်ခဲ့ပြီး ဒီလှိုင်းများသဖွယ် တစ်ဆင့်ပြီးတစ်ဆင့် တိုက်စစ်ဆင်ခဲ့သည်။ သို့သော်လည်း ဂိုးသမားကန်နီ၏ လက်စွမ်းက အံ့ဩစရာ ကောင်းလောက်အောင် အမြင့်ဆုံးဖြစ်နေရာ မိနစ်(၉၀)ထိ ဂိုးမရခဲ့ပေ။ တီဗက်ဇ်၊ အဂူရိုတို့အပြင် လူစားဝင် တိုက်စစ်မှူးများ ဖြစ်ကြသည့် မာရီယို ဘာလော့တယ်လီ၊ အီဒင်ဂျက်ကိုတို့၏ အားထုတ်ချက် အားလုံးကို ကန်နီက ရွပ်ရွပ်ချွံချွံ တားဆီးနေခဲ့သည်။ နာကျင်အချိန်ပို (၂)မိနစ်တွင်မူ မန်စီးတီးတို့ ချေပဂိုး ရသွားသည်။ ဆေးလ်ဗား ကန်တင်ပေးသော ထောင့်ကန်ဘောကို ဂျက်ကိုက ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ နာကျင်အချိန်ပို (၅)မိနစ်ထိ သတ်မှတ်ထားသော ပွဲစဉ်တွင် (၄)မိနစ် အရောက်၌ ချန်ပီယံဆုအတွက် ဂိုးကို အဂူရိုက ကန်သွင်းခဲ့သည်။ ဘာလော့တယ်လီ ထုတ်ပေးလိုက်သည့် ဘောလုံးကို နောက်ခံလူ တစ်ဦးအား ကျော်ဖြတ် ရယူကာ အဂူရိုက အပြင်း ကန်သွင်းသွားခြင်း ဖြစ်သည်။

ပွဲအပြီးတွင် မန်စီးတီးသည် နောက်ဆုံးမိနစ် သွင်းဂိုးများနှင့်အတူ (၂၀၁၁-၁၂) ဘောလုံးရာသီ၏ ပရီးမီးယားလိဂ်  ရရှိသွားခဲ့သည်။ QPR အသင်းမှာမူ ပြိုင်ဘက် ဘော်လ်တန် သရေ ကျသွားသဖြင့် ယခုပွဲ ရှုံးသော်လည်း တန်းမဆင်းရဘဲ ပရီးမီးယားလိဂ်တွင် ဆက်လက် တည်မြဲနေခဲ့သည်။
Ref: Eurosport
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )