22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 3, 2012

Rihana ရဲ့ သဘာဝ အလှ၊ ဘ၀ ဓာတ်ပုံတချို့




မေလ ၁ ရက်နေ့ The Sun အွန်လိုင်းသတင်းစာမှာတော့ သီချင်းချစ်သူတို့ရဲ့ အသည်းစွဲ ကမ္ဘာကျော် အဆိုတော် Rihanna ရဲ့ အကြောင်း ဓာတ်ပုံများနဲ့တကွ တမူထူးပြီးဖော်ပြလာတာတွေ့ရပါတယ်။

ဒီအထဲမှာတော့ ပထမဆုံး Rihanna ရဲ့ မျက်နှာပြောင် အလှနဲ့ ဓာတ်ပုံ ၄ ပုံပါပဲ။ ဘာမှ လိမ်းချယ်ထားခြင်းမရှိတဲ့ သဘာဝ သူ့ မျက်နှာမှာ တောက်ပတဲ့ သူ့အလှတွေက ရှိနေဆဲပါလို့ ဆိုထားပါတယ်။

ကျော်ကြားသူတွေမှာ တခါတရံ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀လေးတွေ ပျောက်လွင့်တတ်တယ်ဆိုပေမယ့် အခု Rihanna ကတော့ သူ့ ဘ၀ ကို အပျောက် မခံပါဘူး။

မကြာသေးမီကပဲ TIME မဂ္ဂဇင်းကြီးက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာပေါ်က သြဇာတိက္ကမကြီးသူ ၁၀၀ ကို ဂုဏ်ပြုတည်ခင်း ဧည့်ခံပွဲကိုလည်း တက်ရောက်လာခဲ့ပါသေးတယ်။ ဒီလို ဧည့်ခံပွဲကို မိခင်၊ အဖိုးဖြစ်သူတို့နဲ့ အတူ တက်ရောက်လာခဲ့ပါ လို့ Hello Magazine အွန်လိုင်းသတင်းမှာ ဖော်ပြထားတယ်။

အဲဒီပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် အပါအ၀င် နံမည်ကြီးတော်တော်များများလည်း တက်ရောက်ခဲ့ကြတာပါ။ Rihana ကတော့ အဲဒီ ဧည့်ခံပွဲမှာ သီချင်းဆိုပြီး ဧည့်ခံခဲ့ပါသေးတယ်တဲ့။


TIME မဂ္ဂဇင်းရဲ့ သြဇာ တိက္ကမကြီးသူ ၁၀၀ ဂုဏ်ပြုပွဲတက်လာတဲ့ Rihana နဲ့ မိသားစု ( ဓာတ်ပုံ- hellomagazine.com)

တကယ်တော့ နာမည်ကျော် အဆိုတော် သရုပ်ဆောင် ဖြစ်နေပေမယ့်လည်း သူ့ဘ၀ဟာ အလွန်သနားစရာ ကောင်းပါတယ်။ သူ အသက် ၁၄ နှစ် သမီးမှာ ဖခင်ဖြစ်သူက မိဘ ၂ ပါး က အိမ်ထောင်ပျို ကွဲသွားခဲ့ပါတယ်။ ဒီနောက်ပိုင်း မိခင်နဲ့ အဖိုးဖြစ်သူတို့နဲ့ အတူ ကြီးပြင်းလာခဲ့ရသူ ဖြစ်ကြောင်း တင်ဆက်လိုက်ပါတယ်။

(အပေါ်ဆုံးမှာ တွေ့ရတဲ့ပုံကို ပြီးခဲ့တဲ့လ ၂ ရက်နေ့က ရိုက်ကူးထားတာပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကား Battleship အတွက် ကြော်ငြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတာပါ။
ဒီကားက အခု နိုင်ငံတကာမြို့ကြီးတွေမှာ ရုံတင်နေပါပြီ။
စစ်ပွဲ နဲ့ စိတ်ကူးယဉ်သိပ္ပံ ရောထွေးထားတဲ့ ဒီ ဇာတ်ကြမ်းကားမှာ သူက အမေရိကန် ရေတပ် အရာရှိတဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။)

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )