22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, June 27, 2012

ကမ္ဘာ့ ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသော ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီး

ဗြိတိန် နိုင်ငံအပါ အ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်း စုကြည် ၏ ဥရောပ ခရီးသည် သူမအား ကမ္ဘာ့ ခေါင်းဆောင် တစ်ဦး အဖြစ် မှတ်ကျောက်တင် အသိ အမှတ်ပြု ခြင်းခံရသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
    ကိန်းကြီးခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင်ဝက်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့်ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိကသမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီးဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားတို့ မိန့်ခွန်းပြောကြားခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပ ထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏ ၁၇ ရက်တာ ကာ လအတွင်း သမိုင်းဝင်မိန့်ခွန်းနှစ် ရပ်အဖြစ် ဗြိတိန်ပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းနှင့် ငြိမ်းချမ်း ရေးနိုဘယ်လ်ဆု ပြန်လည်လက်ခံ ရယူသည့် အခမ်းအနားတို့တွင်ပြောကြားခဲ့ပြီး ယင်းတို့ကို ကမ္ဘာ့ သတင်းဌာနများက ထိုမိန့်ခွန်း နှစ်ခုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သ ဖြင့် ကမ္ဘာ့နေရာ တော်တော်များများတွင် ကြည့်ရှုခွင့်ရခဲ့ကြသည်။
    ထိုမိန့်ခွန်းနှစ်ရပ်ပြောကြားပြီးချိန်တွင် လန်ဒန်အခြေစိုက်သသတင်းဌာနများနှင့် ကမ္ဘာ့မီဒီယာ
များက ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၊ ကမ္ဘာ့စံပြပုဂ္ဂိုလ်အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြသည်။ အခြေကြီးသောဗြိတိန်နိုင်ငံကပင် သူမကို ကော်ဇောနီခင်းကြိုကာ နိုင်ငံ့ခေါင်း
ဆောင်များကိုသာမိန့်ခွန်းပြောခွင့်ပေးသော ၀က်မင်စတာခန်းမကြီးတွင် ဗြိတိန်အထက်၊ အောက်လွှတ်တော်နှစ်ရပ်လုံးသို့ မိန့်ခွန်းပြောခွင့်ပေးခဲ့သည်ဟု ဗြိတိန်သတင်းဌာနမေးလ်အွန်လိုင်းက ရေး
သားဖော်ပြသည်။
    မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကိုယ်ကျိုးစွန့်
တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ခေါင်းဆောင်များ ဖြစ်သော ဗြိတိန်ဝန်ကြီးချုပ် ဒေး ဗစ်ကင်မရွန်းအပါအ၀င် နော်ဝေ ဘုရင်မင်းမြတ်၊ ဗြိတိန်အိမ်ရှေ့ မင်းသားချားလ်၊ နော်ေ၀၀န်ကြီး ချုပ် စသူတို့အပြင် ရောက်ရာနေ ရာမှ ဥရောပသားများက လေး စားချစ်ခင်စွာ ကြိုဆိုခဲ့ကြသည်။ သူမပညာသင်ကြားခဲ့သော အောက် စဖို့ဒ်တက္ကသိုလ်ကလည်း ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပြီး အိုင်ယာလန်နာမည်ကျော် ရော့ခ် အဆိုတော် ဘိုနိုပါဝင်သည့် နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ချီးမြှင့်သောလွတ်ငြိမ်းချမ်း သာခွင့် သံတမန်ဆုအပါအ၀င် ဆယ်နှင့်ချီသော ဆုတံဆိပ်များ စွာကို ခရီးစဉ်အတွင်း လက်ခံရရှိခဲ့သည်။
    ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ဦး တွေ့ဆုံမှုအဖြစ် တိဗက်ဘုန်းတော်ကြီးဒလိုင်းလား မားနှင့်လည်း မိနစ် ၃၀ ကြာ သီးသန့်တွေ့ဆုံခဲ့သည်ဟု လန်ဒန်သတင်းဌာနများက ဖော်ပြသည်။
    သူမ၏သမိုင်းဝင်မိန့်ခွန်း အဖြစ် ဇွန်လ ၂၁ ရက်တွင် တိုင်းမ်မဂ္ဂဇင်းက ကမ္ဘာ့ကိန်းကြီးခမ်းကြီး နိုင်သော ပရိသတ်ဟု တင်စားရေး သားသော ပရိသတ် ၁၄၀၀ ရှေ့တွင် ပြောကြားခဲ့သည့် ဒေါ်အောင်
ဆန်းစုကြည်၏ မိန့်ခွန်းတွင် မြန်မာနိုင် ငံ၏ ပါလီမန်ဒီမိုကရေစီ ကူး ပြောင်းရေး လုပ်ငန်းစဉ်များကို ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုက ရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေနှင့် ကူညီပေးရန် တိုက်တွန်း ခဲ့ပြီး သမ္မတဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ကြို ဆိုရန်လည်း သူမ၏ မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။
    ''အခွင့်အရေးတွေ နှစ်ပေါင်း များစွာ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ဘ၀နဲ့ အခွင့်အလမ်း တွေအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကူညီထောက်ပံ့ဖို့ ကျွန်မပြောလိုပါတယ်။ ကောင်း မွန်ပြည့်စုံတဲ့ အနာဂတ်ကို ရောက် နိုင်ဖို့ အခုမှ ကျွန်မတို့နိုင်ငံက အစပျိုးနေဆဲပဲ ရှိပါသေးတယ်။ တောင်
ကုန်းတွေ ချောက်ကမ်းပါးတွေလို အခက်အခဲတွေကို အများကြီး ကျော်ဖြတ်ဖို့ လိုပါသေးတယ်။ အားလုံးကြိုးစားလို့ ဒီလိုအခြေ အနေအထိ ရောက်လာတာပါ။ ဗြိ တိန်နဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ ၀ိုင်းကူရင် ဒီထက်ပိုခရီးတွင် ပါလိမ့်မယ်''ဟု သူမ၏ ဗြိတိန်ပါ လီမန် မိန့်ခွန်းအစပိုင်းတွင် ပြော ကြားခဲ့သည်။
    နောက်လတွင် ဗြိတိန်သို့ အ လည်အပတ် သွားရောက်မည်ဟု ပြောကြားထားသော သမ္မတဦးသိန်း စိန်၏ခရီးစဉ်နှင့် ပတ်သက်၍ ဗြိ တိန်ဝန်ကြီးချုပ်နှင့် ပူးတွဲပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် ထိုခရီးစဉ်ကို ထောက်ခံပြောကြားခဲ့သည်။ ယခုအချိန်သည် သမ္မတကို ဖိတ်ကြားခြင်းသည် မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး  သူမ၏ ပါလီမန်မိန့်ခွန်းတွင် ]]သမ္မတဦးသိန်းစိန်ကို ချီးကျူးဂုဏ် ပြုလိုပါတယ် အရင်က ပြောခဲ့သ လို နိုင်ငံရေးကွဲပြားခြားနားမှုတွေ ကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင် ဖြေရှင်းနိုင်မှာပါ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ကြိုဆိုဖို့ တိုက်တွန်းလိုပါတယ်''ဟုလည်း မှတ်ချက်ပြုပြောကြားခဲ့သည်။
    ထို့ပြင် ''စစ်မှန်တဲ့ ဒီမိုကရေစီကို မြန်မာနိုင်ငံမှာ ပြန်လည်တည်ထောင်နိုင်မယ့်အခွင့်အရေး
ရှိလာပါပြီ။ ဒီအခွင့်အလမ်းကိုအသုံးမချနိုင်ရင် ဒီလိုအခွင့်အရေးမျိုးပေါ်လာအောင် ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်''ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောကြားခဲ့သည်။
    ဆယ်စုနှစ်အတော်ကြာပျောက်ဆုံးနေခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ်ဝါကို ပြန်လည်
အရောင်တင်ပေးခဲ့ပြီး၊ အခါလည်သားသာရှိသေးသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးများကို ရှေ့ဆက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်က တွန်းအားတစ်ခုဖြစ်စေ
ခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိချိန်သည် သူမ၏
၆၇ နှစ်ပြည့်သည့် မွေးနေ့ရက်နှင့်တိုက်ဆိုင်နေသည်။ နှစ်ပေါင်းများစွာ ခွဲခွာနေရသောသားကြီး၊ သား
ငယ်ကိုထိန်လင်း၊ သူမနှင့် တစ်ခါမှမဆုံဖူးသော မြေးများနှင့် သီးသန့်မွေးနေ့ပွဲပြုလုပ်ခဲ့သည်ဟု စီအင်န်အင်န် လန်ဒန်သတင်းထောက်ဒန်ရေဗာက သတင်းပေးပို့သွားသည်။ သို့သော် သူမ၏ မိသားစုနှင့် အထူးသဖြင့် အများစိတ်ဝင်စားနေသော သားကြီးနှင့်တွေ့ဆုံဖြစ်၊ မဖြစ်ကိုမူ သတင်းဌာနများတွင် ရေရာသောသတင်းဖော်
ပြမှုများ မတွေ့ရပေ။
    မည်သို့ပင်ဆိုစေ အတိတ်ကာလများက မြန်မာနိုင်ငံသို့ ပြန်လာ၍မရမည်စိုးသဖြင့် သွား
ရောက်ခဲ့ခြင်းမရှိသော ဥရောပသို့နှစ်ပေါင်း ၂၄ နှစ်ကြာအပြီး ပထမဆုံးသွားရောက်သော သူမ၏ ခရီး
စဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုအဖြစ် သမိုင်းတွင်သွားပြီဖြစ်သည်။

ရေးသားသူ-အေးမြကျော်
by 7Day News Journal

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )