22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 15, 2012

စစ်တွေတွင် နာရေးကိစ္စဆောင်ရွက်ရန် အခက်အခဲဖြစ်နေ

စစ်တွေမြို့တွင်း ရပ်ကွက်တစ်ခု မီးရှို့ခံရမှုကို လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
စစ်တွေ ၊ဇွန် ၁၄
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့ခံများ၏ နာရေးကိစ္စများဆောင်ရွက်ရာတွင် သုသာန်သို့သွားရောက်ရန်အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဆူပူအကြမ်းဖက်မှုများကြောင့်
သေဆုံးခဲ့သူအချို့ကိုမြေချရန် စစ်တွေ မြို့နှင့် ၆မိုင်ကွာဝေးသော မှန်စီ သချိုင်းသို့သွားရပြီးအဆိုပါနေရာသို့သွားရန်ဘင်္ဂါလီလူမျိုးများအများဆုံးနေထိုင်သောဘုမေ၊သဲချောင်းရွာများကိုဖြတ်သန်းသွားရပြီးအသုဘချရန်သွားစဉ် စောင့်ဆိုင်းရန်ရှာမှု့များရှိသဖြင့် နာရေးကိစ္စဆောင်ရွက်ရန်ခက် ခဲနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က စစ်တွေမြို့မှ နာရေးတစ်ခုကို ပို့ဆောင်ရာ ဘင်္ဂါလီလူမျိုးများနေထိုင်သည့်ရွာများကိုဖြတ်သန်းစဉ်အုပ်စုဖွဲ့စောင့်ဆိုင်းကာ ခဲများဖြင့်ပစ်ပေါက်ခြင်းများရှိခဲ့သဖြင့်စစ်တွေမြို့ခံများကနာရေးပို့ဆောင်ရန် စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်ကြောင်းဒေသခံများကပြောကြားသည်။
ဇွန်လ ၁၃ရက်နေ့တွင် စစ်တွေမြို့မှ နာရေးတစ်ခုပို့ဆောင်ရာတွင် လုံခြုံရေး အစောင့်အကြပ်များနှင့်ပြီးဆုံးအောင်ဆောင်ရွက်ခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

7Day News Journal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )