ချယ်လ်ဆီး အသင်းနှင့် အပြီးသတ် စာချုပ်ရန် အလားအလာ အကောင်းဆုံး အနေအထားမျိုး ဟော့ခ်အနေဖြင့် ပိုင်ဆိုင် နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။
ဥရောပ ချန်ပီယံလိဂ် ဆုဖလား ပိုင်ရှင်တို့သည် ပေါ်တူဂီချန်ပီယံ ပေါ်တိုအသင်းမှ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဟော့ခ်အား ပေါင်စတာလင် (၃၈)သန်းဖြင့် ၀ယ်ယူရန် ကြိုးပမ်းနေသည်။ ဟော့ခ်သည် ပရီးမီးယားလိဂ်တွင် ခြေချ ကစားလိုကြောင်း ၀န်ခံထားပြီး လန်ဒန်ကလပ်သည် ၎င်း၏ အနာဂတ် ဖြစ်လာရန် ရာခိုင်နှုန်း အများဆုံး ဖြစ်နေကြောင်း သိရှိရသည်။ အသက်(၂၅)နှစ်ရှိ ဟော့ခ်သည် လွန်ခဲ့သော (၂)ရာသီအတွင်း ပေါ်တိုအတွက် (၉၁)ပွဲတွင် (၅၇)ဂိုး သွင်းယူနိုင်ခဲ့သည်။
ချယ်လ်ဆီးနှင့် နီးစပ်နေသည့် ဟော့ခ်
ဟော့ခ်၏ အေးဂျင့်ဖြစ်သူ သီယိုဒိုရို ဖွန်ဆီကာက "ဟော့ခ်ဟာ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့၊ ပိုပြီး ရပ်တည်မှု မြင့်မားတဲ့ အမှတ်ပေး ပြိုင်ပွဲ တစ်ခုကို သွားကစားချင်နေတာ့ပါ။ ဒီအချက်က (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူ့ရဲ့ နေရာကိုလည်း အာမခံချက် ဖြစ်စေမယ်လို့ ယူဆနေပါတယ်" ဟု ပြောကြားခဲ့သည်။ ၎င်းက "ပရီးမီးယား လိဂ်ကတော့ ဟော့ခ်ရဲ့ မျှော်မှန်းချက် အားလုံးကို ကိုက်ညီအောင် ဖြည့်ဆည်းပေးမယ့် ပြိုင်ပွဲပါပဲ" ဟုလည်း သုံးသပ်ခဲ့သည်။ ပေါ်တိုသည် ဟော့ခ်၏ စာချုပ်တွင် ကစားသမား၏ ပြောင်းရွှေ့ကြေးကို ယူရို သန်း(၁၀၀) သတ်မှတ် ထားသော်လည်း ယူရို(၄၅)သန်း ၀န်းကျင်ဖြင့် ရောင်းထုတ်ရန် ဆုံးဖြတ်ရဖွယ် ရှိနေကြောင်း သိရှိရသည်။
ပရီးမီးယား လိဂ်ကတော့ ဟော့ခ်ရဲ့ မျှော်မှန်းချက် အားလုံးကို ကိုက်ညီအောင် ဖြည့်ဆည်းပေးမယ့် ပြိုင်ပွဲပါပဲ...
6:12 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com