22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 11, 2012

နယ်သာလန်-ဒိန်းမတ် ပွဲရလဒ်ကို ဘာစီလိုနာ-ချယ်လ်ဆီးပွဲနှင့် အက်ဖယ်လိုင် နှိုင်းယှဉ်

နယ်သာလန်က ဒိန်းမတ်ကို ရှုံးသွားခြင်းသည် ချန်ပီယံ လိဂ်တွင် ဘာစီလိုနာက ချယ်လ်ဆီးကို အရေး နိမ့်ခြင်းနှင့် ဆင်တူကြောင်း နယ်သာလန် ကွင်းလယ်လူ အီဘရာဟင် အက်ဖယ်လိုင်က သုံးသပ် ပြောကြားခဲ့သည်။

ဥရောပ ဖလား အုပ်စု(B)တွင် နာမည်ကြီး နယ်သာလန်သည် ဒိန်းမတ်အား ပွဲချိန် အတော်များများ တိုက်စစ်ဆင် ဖိကစား ခဲ့သော်လည်း ဂိုးမသွင်းနိုင်သဖြင့် ဒိန်းမတ်က ပထမပိုင်း သွင်းယူထားသည့် တစ်လုံးတည်းသော ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ အသက်(၂၆)နှစ်ရှိ အက်ဖယ်လိုင်သည် အဆိုပါ အုပ်စု အဖွင့် ပွဲစဉ်တွင် မိခင်နိုင်ငံ အသင်းအတွက် ပါဝင် ကစားခွင့် ရခဲ့သည်။ ဘာစီလိုနာ အသင်းသား တစ်ဦးလည်းဖြစ်သော အက်ဖယ်လိုင်က ပြီးခဲ့သည့် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ဘာစီလိုနာက ချယ်လ်ဆီးအား ဖိကစား ခဲ့သော်လည်း အရေး နိမ့်ခဲ့သည့် ဖြစ်စဉ်နှင့် ယခုပွဲ ရလဒ် တူညီကြောင်း မှတ်ချက်ပြုခဲ့သည်။
နယ်သာလန် ကွင်းလယ်လူ အီဘရာဟင် အက်ဖယ်လိုင်

အက်ဖယ်လိုင်က "မယုံနိုင်စရာပါပဲ။ ဒီလိုပွဲမျိုးကို ဘာစီလိုနာနဲ့ ချယ်လ်ဆီးပွဲနဲ့ သွားနှိုင်းယှဉ်လို့ ရပါတယ်။ ကျွန်တော်တို့ အသင်းဟာ အခွင့်အရေးကောင်းတွေ အများကြီး ရခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်း ကစားပုံ အရမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က ဂိုးသွင်း သွားပါတယ်။ ပြောရရင် ဒီပွဲမှာ ဘာတွေ မှားသွားလဲ ဆိုတာ ရှင်းမပြတတ်တော့ဘူး။ ကျွန်တော်တို့ ရခဲ့တဲ့ အခွင့်အရေးတွေ အရဆိုရင် နယ်သာလန်ဟာ (၂)ဂိုးလောက် သွင်းနိုင်သင့်တယ်။ ဘာပဲဖြစ်ဖြစ် အခွင့်အလမ်းတွေ ဖန်တီးနိုင်တယ် ဆိုတာဟာ ကစားပုံ ကောင်းမွန်တယ်လို့သာ အဓိပ္ပါယ် သက်ရောက်ပြီး အနိုင် ရတာတော့ မဟုတ်ပါဘူး။ ရှုံးတဲ့အတွက် စိတ်ပျက် မိပါတယ်" ဟု ပြောဆိုခဲ့သည်။

မယုံနိုင်စရာပါပဲ။ ဒီလိုပွဲမျိုးကို ဘာစီလိုနာနဲ့ ချယ်လ်ဆီးပွဲနဲ့ သွားနှိုင်းယှဉ်လို့ ရပါတယ်။ ကျွန်တော်တို့ အသင်းဟာ အခွင့်အရေးကောင်းတွေ အများကြီး ရခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အသင်း ကစားပုံ အရမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ သူတို့ဘက်က ဂိုးသွင်းသွားပါတယ်...
အက်ဖယ်လိုင်က အရှုံးအတွက် နယ်သာလန် အသင်းသားများသည် မိမိတို့ ကိုယ်ကိုယ် အပြစ် တင်နေရန် မလိုဘဲ အုပ်စုလက်ကျန် (၂)ပွဲကို အာရုံစိုက် မျှော်လင့်ရမည်ဟု ဆိုသည်။ "ခုတော့ အခြေအနေက တိုက်မလား၊ သေမလား ဖြစ်လာပြီ။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ချင်ရင် အနိုင် ရလဒ်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ဂိုးသွင်းဖို့ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်တယ် ဆိုတာဟာ အပေါင်း လက္ခဏာ ဆန်တဲ့ အခြေအနေ တစ်ခုပါ" ဟုလည်း အက်ဖယ်လိုင်က ပြောကြားသွားသည်။ နယ်သာလန်သည် လက်ကျန်ပွဲများ အဖြစ် ဂျာမနီ၊ ပေါ်တူဂီတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
Ref: Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )