22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 2, 2012

ငယ်ငယ်တုန်းက စီးပွားရေးပဲ လုပ်ခဲ့တာ အခုလို အနုပညာရှင်ဖြစ်လာမယ်လို့ ထင်မထားဘူးဆိုတဲ့ မြင့်မြတ်

 
မေး - သရုပ်ဆောင်အလုပ်ကို ငယ်ငယ်ကတည်းက စိတ်ကူးခဲ့တာလား။
ဖြေ - တစ်ခါမှမတွေးခဲ့ဖူးဘူး။ ပြောရရင် ငယ်ငယ်တုန်းက အနုပညာအလုပ်ကို ဝါသနာမပါခဲ့တာပေါ့။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတာကတော့ ကျွန်တော်တို့ အခွေဆိုင်ဖွင့်တယ်လေ။ အဲဒီအတွက် အနုပညာလောကနဲ့ မစိမ်းပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က စီးပွားရေးသဘောမျိုးနဲ့ပဲ လုပ်ကြတာပါ။ အခုလိုဖြစ်လာလိမ့်မယ်လို့လည်း မတွေးခဲ့မိပါဘူး။
မေး - မြင့်မြတ် အရင်ကတွေးထားခဲ့တဲ့ အတွေးကရော ဘယ်လိုပုံစံမျိုးလဲ။
ဖြေ - ကျွန်တော် ၁၀ တန်းအောင်ခါစ ၁၈ နှစ်သား လောက်တုန်းကတော့ အလုပ်တစ်ခုလုပ်ချင်တယ်။ ဒါပေမဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ အဲဒီအချိန်မှာ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အခွေဆိုင်ကိုပဲ ကူညီပြီးလုပ်ရမလားဆိုပြီး ဝေဝေဝါးဝါးရှိခဲ့တာ။ ဒါကတော့ လူငယ်အများစုဖြစ်တတ်တဲ့ သဘောတစ်ခုပါ။ အသက်အရွယ်နဲ့ အချိန်အခါကလည်း လူတစ်ယောက်ရဲ့ အတွေးစိတ်ကို ပြောင်းလဲသင့်သလောက် ပြောင်းလဲစေနိုင်တယ်လေ။
မေး - အနုပညာလောကထဲကို စဝင်လာတဲ့ အချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
ဖြေ - အနုပညာလောကဆိုတာ ကျယ်ဝန်းသလောက် အလွယ်တကူ ဝင်ရောက်လို့ မရဘူးဗျ။ ဝေလေလေနဲ့ပဲ ပြန်ထွက်သွားရမှာလေ။ အဲဒီအတွက် ကျွန်တော်တို့ ဒီအတိုင်း အစိမ်းသက်သက်တစ်ယောက်ဘဝနဲ့ ဒီလောကထဲ ရောက်ဖို့ဆိုတာ တော်တော်လေးမလွယ်တဲ့ ကိစ္စပါ။ ဒီလောကထဲ ဝင်လာတဲ့ အချိန်မှာ လူတွေရဲ့နှိမ်တာတွေက သေချာကိုရှိတယ်ဗျ။ ဒါပေမဲ့ လူ့သဘာဝကိုက မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ သဘောရှိတယ်။ ပြည့်တဲ့သူတွေက ဒီလောက် မဟုတ်ဘူး။ လူ့လောကထဲမှာကို တိုက်ခိုက်မှုတွေ ကိုယ့်ရဲ့ဖြစ်တည်ရာ ဖြစ်တည်ကြောင်းထက် ပျက်စီးရာ ပျက်စီးကြောင်းပဲ စဉ်းစားတဲ့သူတွေ၊ ဖြစ်လာရင် မနာလိုတဲ့သူတွေ ဖြစ်လာမှစိုးလို့ နှိမ်တဲ့သူတွေက ဒုနဲ့ ဒေးနဲ့ကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )