အိုလံပစ် ပြိုင်ပွဲတွင် ဗြိတိသျှ လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားပေးလိုသည့် ဒေးဗစ်ဘက်ဟမ်း၏ မျှော်လင့်ချက်များ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
အိုလံပစ် အသင်း နည်းပြ စတူးဝပ်ပီယာ့စ်သည် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းနှင့် မန်ချက်စတာ ယူနိုက်တက် နာမည်ကျော် ကစားသမားဟောင်းကို အသင်း၏ (၁၈)ဦး စာရင်းတွင် ချန်လှပ်ရန် ဆုံးဖြတ်ခဲ့သည်။ အစောပိုင်းက ဘက်ဟမ်းသည် အသင်းတွင် ခွင့်ပြုထားသည့် အသက်(၂၃)နှစ်အထက် ကစားသမား (၃)ဦးတွင် ရိုင်ယန်ဂစ်၊ ကရိတ်ဂ်ျ ဘယ်လာမီတို့နှင့် အတူ ပါဝင်ခွင့် ရမည်ဟု မေဆ်ာလင့်ထားသည်။ သို့သော်လည်း ပီယာ့စ်က လော့စ်အန်ဂျလိစ် ဂလက်စီ အသင်းတွင် ကစားနေသည့် ဘက်ဟမ်းအစား မန်ချက်စတာ စီးတီး ခံစစ်မှူး မီကာရစ်ခ်ျကို ရွေးချန်ရန်သာ ဆုံးဖြတ်ခဲ့သည်။
ယခုလို ချန်လှပ် ခံရခြင်းသည် အသက်(၃၇)နှစ်ရှိ ဘက်ဟမ်းအတွက် ဆိုးရွားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာစေခဲ့သည်။ "ကျွန်တော် အသင်းအတွက် ဘယ်လောက် ကစားပေးချင်တယ်၊ ဘာတွေ ကြိုးစားပေးခဲ့တယ် ဆိုတာကို လူတိုင်း သဘောပေါက်မှာပါ။ ကျွန်တော့် အနေနဲ့ ဗြိတိန် အသင်းမှာ ပါဝင်ခွင့်ရရင် သိပ်ပြီး ဂုဏ်ယူ မိပါလိမ့်မယ်။ ခုချိန်မှာ ကျွန်တော် အရမ်း စိတ်ပျက်ဝမ်းနည်းနေတာ မဆန်းပါဘူး။ ဒါပေမဲ့ အသင်းကို အားပေး သွားမှာပါ။ ဗြိတိန်အသင်း အိုလံပစ် ရွှေတံဆိပ် ရပါစေလို့ ကျွန်တော် မျှော်လင့် ဆုတောင်း ပေးပါတယ်" ဟု ဘက်ဟမ်းက ဆိုသည်။
ခုချိန်မှာ ကျွန်တော် အရမ်း စိတ်ပျက်ဝမ်းနည်းနေတာ မဆန်းပါဘူး။ ဒါပေမဲ့ အသင်းကို အားပေး သွားမှာပါ။ ဗြိတိန်အသင်း အိုလံပစ် ရွှေတံဆိပ် ရပါစေလို့ ကျွန်တော် မျှော်လင့် ဆုတောင်း ပေးပါတယ်...
၎င်းသည် အိုလံပစ် ဖွင့်ပွဲ ကျင်းပသည့် အခါ တက်ရောက်မည်ဟု ယူဆရသည်။ ဘက်ဟမ်းသည် လန်ဒန်တွင် အိုလံပစ် ပြိုင်ပွဲ ကျင်းပခွင့်ရရေး အတွက် အဓိက ကြိုးစား အားထုတ် ပေးခဲ့သူ တစ်ဦးလည်းဖြစ်သည်။
Ref:Thesun
12:45 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com