22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 26, 2012

ရော်နယ်လ်ဒိုကို သီးခြား အာရုံစိုက်ကာ လိုက်ထိန်းနေမည် မဟုတ်ဟု အလွန်ဆို ပြောကြား

စပိန်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုအား အာရုံစိုက်ကာ ထိန်းထိန်းသိမ်းသိမ်း လိုက်ကစား နေမည့် အသင်းမျိုး မဟုတ်ကြောင်း ရှာဘီ အလွန်ဆိုက ကြွေးကြော်လိုက်သည်။

ပေါ်တူဂီနှင့် ဥရောပ ဖလား အကြို ဗိုလ်လုပွဲ ရင်ဆိုင် ကစားရန် ပြင်ဆင်နေသည့် စပိန် လက်ရွေးစင် ကွင်းလယ်လူက ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို၏ တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်မားမှုကို မိမိတို့ အထူးပြု တားဆီးနေမည် မဟုတ်ဘဲ ကိုယ်ပိုင်ဟန် အတိုင်း ပွဲကို ချဉ်းကပ်မည်ဟု ပြောဆိုခဲ့သည်။ ရော်နယ်လ်ဒိုသည် ဥရောပဖလား အစပိုင်းတွင် ခြေစွမ်း ပျောက်ဆုံး နေသော်လည်း နောက်ဆုံး(၂)ပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်များ ထွက်ပေါ်လာကာ (၂)ပွဲတွင် (၃)ဂိုးသွင်းယူပေးခဲ့သည်။ အလွန်ဆိုက ၎င်း၏ ရီးယဲလ်မက်ဒရစ် အသင်းဖော်အား ပြန်လည် ရင်ဆိုင်ရာတွင် စပိန်၏ ပုံမှန်ကစားဟန်မှ ခွဲထွက်သွားမည် မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။
စပိန်အတွက် အနိုင်ဂိုး ၂ ဂိုး သွင်းယူခဲ့သည့် အလွန်ဆို

"စပိန်မှာ ရော်နယ်လ်ဒို အတွက် သီးခြား အစီအစဉ် တစ်ခု သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အတွက် ဘယ်ပြိုင်ဘက်မဆို တူညီတဲ့ အတွေးအခေါ် အမြင်တစ်ခုနဲ့ပဲ တုံ့ပြန် ကစားပါတယ်" ဟု အလွန်ဆိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက "ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ သုံးသပ်မှုတွေ ကြိုပြီး လုပ်ဆောင်တယ်။ လိုအပ်တဲ့ အသေးစား အပြောင်းအလဲလေး တချို့ကို ချိန်ညှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမြဲတမ်း အကောင်းဆုံး နည်းလမ်းက စုစုစည်းစည်းနဲ့ ပြိုင်ဘက် အတွက် နေရာလွတ် လုံးဝ မရှိအောင် ပိတ်ဆို့ တားဆီး ထားဖို့ပါပဲ" ဟု ပြောဆိုသွားသည်။

စပိန်မှာ ရော်နယ်လ်ဒို အတွက် သီးခြား အစီအစဉ်တစ်ခု သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အတွက် ဘယ်ပြိုင်ဘက် မဆို တူညီတဲ့ အတွေးအခေါ် အမြင် တစ်ခုနဲ့ပဲ တုံ့ပြန် ကစားပါတယ်...
အလွန်ဆိုက "ပေါ်တူဂီဟာ အသင်းကောင်း တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ ဘောလုံး ကစားပုံက တကယ့်ကို အဆင့်အတန်း မြင့်လွန်းပါတယ်။ ဒါပေမဲ့ လူတွေ မှတ်ချက် ပေးနေတဲ့ အတိုင်း ကျွန်တော်တို့ အပြောင်းအလဲတွေ လိုက်လုပ်ဖို့တော့ စိတ်ကူး မရှိတာ သေချာပါတယ်" ဟုလည်း ဆက်လက် ပြောကြား သွားခဲ့သည်။
Ref:Goal
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )