22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, June 15, 2012

လွှတ်တော်တွင် လက်ရှိပြဿနာများကို ဆွေးနွေးမည်

Phot ; Mizzima
လွှတ်တော်အစည်းအဝေးများ ကို လာမည့်ဇူလိုင် ၄ ရက်နေ့တွင် ပြန်လည်ကျင်းပရန် ခေါ်ယူလိုက် သည်။ ပထမအကြိမ် ပြည်ထောင် စုလွှတ်တော်၏ စတုတ္ထပုံမှန် အစည်းအဝေးကို ဇူလိုင် ၄ ရက် နေ့ နေ့လယ် ၁ နာရီ ခေါ်ယူ ထားပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး များကို မနက် ၁၀ နာရီ အသီးသီး ကျင်းပမည့်အကြောင်း လွှတ် တော်အကြီးအကဲတွေက ဇွန် ၁၂ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ကြေ ညာလိုက်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များအနေနှင့် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ရန် ဇူလိုင်လ ၂ ရက်ထက် မစော၊ ၃ ရက်နေ့ထက် နောက်မကျဘဲ နေပြည်တော် လွှတ်တော်ရုံးကို ဆက်သွယ်ကြရန်ကိုလည်း အသိ ပေးထားသည်။ ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးမှာ လက်ရှိတိုင်းပြည်၏ ဖြစ်ပေါ် နေသော ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါ သည်။
ပြည်သူ့လွှတ်တော် စီးပွား ရေးနှင့် ကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အတွင်း ရေးမှူး ဦးခင်မောင်ဦးမှ ““ပညာ ရေးနှင့် ပတ်သက်ပြီး တိုးတက် အောင်ပေါ့။ ဒါတွေ စီစဉ်ထား တယ်။ နောက်တစ်ခုက စွမ်းအင်၊ လျှပ်စစ်ကိစ္စတွေပေါ့။ ဒါတွေက လည်း တကယ်အာမခံနိုင်တဲ့ အဆင့်အတန်းရှိမှ။ နောက်တစ်ခု ကလည်း အလုပ်သမားကိစ္စပေါ့။ အားလုံးလည်း ဒါစိတ်ဝင်စားစရာ ဖြစ်တဲ့အတွက် လုပ်ကြပါလိမ့် မယ်။ အဲ့ဒီအချက်တွေကလည်း သိုင်းဝိုင်းပြီး လုပ်ကြရမှာပါပဲ။ ဗဟိုမှာ ပေါင်းပြီးတော့ ကော်မတီ အနေနဲ့ ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ဆွေးနွေးမှာပါ။ ပါတီမှာ လည်း ရှိပြီးသားပါ””ဟု ဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ““အခုပေါ်ပေါက် နေတဲ့ အခြေအနေတချို့နဲ့ ဆက် စပ်တဲ့ မေးခွန်းတွေ အဆိုတွေ တချို့တော့ ကျွန်တော်လည်း ပေးပို့ထားပါတယ်။ အသေးစိတ် တော့ လွှတ်တော်ဥပဒေအရ ကျွန်တော်အခုချိန်မှာ ဖော်ပြခွင့် မရှိဘူး။ ကျွန်တော်ပြောလို့ရတဲ့ အချက်ကတော့ ကျွန်တော်လည်း လွှတ်တော်အစည်းအဝေးက တစ်ကြိမ်ပြီးတစ်ကြိမ်၊ နောက် လွှတ်တော်ရဲ့ ခိုင်မာမှုပေါ့၊ အား ကောင်းမှုပေါ့။ လွှတ်တော်နိုင်ငံရေး ရဲ့ မြင့်မားလာမှုတွေကတော့ တစ် ကြိမ်ပြီးတစ်ကြိမ် တိုးတက်လာ တယ်။ အားရစရာ ကောင်းတယ် လို့ ကျွန်တော်ပြောပါရစေ””ဟု ဆို ပါသည်။
ယင်းလွှတ်တော်အစည်းအဝေး မှာပဲ ကြားဖြတ်ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လွှတ်တော်ကိုယ်စား လှယ်တွေ အားလုံးလည်း လွှတ် တော်အစည်းအဝေးတက်ရောက်ဖို့ ရှိနေတယ်ဟု အန်အယ်လ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါသည်။
ပြီးခဲ့သော လွှတ်တော် အစည်းအဝေးတုန်းက ကျမ်းသစ္စာ ကျိန်ဆိုဖို့ ကျန်နေသေးတဲ့ ကိုယ်စားလှယ်တွေလည်း ကျိန်ဆို ကြမယ်လို့ လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ဆိုပါ သည်။
““၄ ရက်နေ့ လွှတ်တော်က ၂ ရက်နေ့ သတင်းပို့ရမယ်။ ၄ ရက်နေ့ကို လွှတ်တော်တက်ရမယ်ဆို ပြီး ထုတ်ပြန်တယ်လို့ ပြောပါ တယ်။ လွှတ်တော်တက်မှာပါ။ ပထမဆုံးအကြိမ် လွှတ်တော် တက်မှာဖြစ်တယ်။ ကျမ်းသစ္စာ ကျိန်ဆိုဖို့လည်း အခုမှ လုပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှသာ လွှတ်တော်ရဲ့ အခြေအနေတွေ၊ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို သေသေ ချာချာ လေ့လာပြီးမှ ဘာတွေ တင်ပြမယ်။ ဘာတွေဆောင်ရွက် မယ်ဆိုတာကို ပြင်ဆင်မှာပါ””ဟု ပြောပြခဲ့သည်။

 ဥယျာဉ်မှူး-Hot News Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )