22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, June 28, 2012

KIA နှင့် အစိုးရတပ် သျှမ်းပြည် (မြောက်ပိုင်း)၌ တိုက်ပွဲဖြစ် အစိုးရတပ်မှ ၅ ဦးကျ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မန့်ကျယ် - နမ့်မူး ကျေးရွာအုပ်စုအတွင်းရှိ နမ့်အွန် ရေပူ စမ်းအနီးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ http://abbsoluteright.blogspot.com)
ကချင်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ http://abbsoluteright.blogspot.com)

အစိုးရတပ် ခလရ ၁၂၃ နှင့် KIA တပ်ဖွဲ့တို့ တစ်နာရီကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခလရ ၁၂၃ မှ တပ်သား ၅ ဦး ကျဆုံးကြောင်း စစ်ဘက်နှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရတပ်ဘက်က ခလရ ၁၂၃ ပေါ့ ၊ စစ်ကြောင်းထိုးလာတာ KIA ဘက်ကတော့ မိုင်းတွေခွဲပြီးတိုက်ခိုက် တာပေါ့ ၊ တိုက်ပွဲ ထဲမှာတော့ ခလရ ၁၂၃ က ၂ ယောက်သေသွားတယ် ၃ ယောက်ကတော့ ဒဏ်ရာရပြီး အခု ပန်ဆိုင်းဆေးရုံရောက်မှာသေသွားတယ် ” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း အဆိုပါ ကြူကုတ် - ပန်ဆိုင်းမြို့အနီး နမ့်မူးရွာ အစိုးရရဲကင်းစခန်းတစ်ခု အား KIA တပ်ဖွဲ့မှ ၀င်ရောက် စီးနင်းခဲ့ရာ နှစ်ဘက်တိုက်ခိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ယခုလ ၂၀ ရက်နေ့က နှစ်ဘက်အပစ်အခတ်ရပ်ဆဲရေး အတွက် KIO နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ လွယ်ဂျယ်မြို့အနီး တရုတ် - မြန်မာနယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ အပြီး နှစ်ဘက်တိုက်ပွဲ ခေတ္တငြိမ်သက်ခဲ့သော်လည်း ယခု ရက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )