မြိတ်မြို့၏ ရေလုပ်ငန်းရှင် ဦးလှသန်း ပိုင်ဆိုင်သည့် Myeik Shopping Centre တွင် 25-6-2012 တွင် ၄င်းကုန်တိုက်၏ စားသောက်ကုန်များရောင်းချပေးနေသော နေရာတွင် တရုတ်ပြည်မှတင်သွင်းလာသော ရယ်ဒီမိတ် မုန့်ထုပ်အချို့ ကုန်ဆုံးရက်များ လွန်သည်အထိရောင်းချနေ သည်ကိုတွေ့ရပါတယ်။
ထိုကုန်တိုက်ရဲ့ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ ၄င်းကုန်တိုက်တွင် ရက်လွန်နေသော စားသောက်ကုန် ပစ္စည်းများရှိနေသည်ကိုတွေ့ရှိခဲ့ရပါတယ်။
ထိုတရုတ်ပြည်မှတင်သွင်းလာသောစားသောက်ကုန်များ ရက်လွန်နေသည်အတွက်
စားသောက်မိသော မိဘပြည်သူများ အတွက် အလွန်ပင် အန္တရယ်ကြီးပါတယ်..
ဝန်ထမ်းတစ်ဦးပြောသည်မှာ..'''' ရက်လွန်နေတဲ့ ပစ္စည်းတွေကတော့ ရှိပါတယ်။
ဒါပေမယ့် ကျမ တို့က ရောင်းချရုံပဲရောင်းနေရတာပါ.. သူတို့က ဘာမှ
လာမလုပ်ပေးပါဘူး.'''' လို့ပြောပြခဲ့ပါတယ်... ထိုသို့ ရက်လွန်သောကြောင့်
မိဘပြည်သူများအနေဖြင့် ရွေးချယ်စားသောက်စေရန်နှင့် သက်ဆိုင်ရာ
ကျန်းမာရေးဝန်ကြီးဌာနတို့ သိရှိစေရန်တင်ပြခြင်းဖြစ်ပါတယ်။
MNN
| ရက်လွန်နေတဲ့ တရုတ်လုပ် စားသောက်ကုန်များအားတွေ့ ရစဉ် |
| မြိတ်မြို့၏ ရေလုပ်ငန်းရှင် ဦးလှသန်း ပိုင်ဆိုင်သည့် Myeik Shopping Centre |
9:16 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com