ဘရာဇီးလ် လူငယ် ကစားသမားလေး အော်စကာသည် ချယ်လ်ဆီးတွင် ဆေးစစ်မှု ခံယူ သွားမည်ဟု သတင်းများက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးသည် ပေါင်စတာလင် (၂၅)သန်း ဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အသက်(၂၀)အရွယ် ကွင်းလယ် ကစားသမားလေးကို ခေါ်ယူရန် သဘော တူညီမှု ရရှိထားသည်။ အော်စကာသည် ဆေးစစ်မှု ပြီးမြောက်ပါက ချယ်လ်ဆီးသို့ တိုက်ရိုက် ပြောင်းရွှေ့ ကစားနိုင်ဦးမည် မဟုတ်ဘဲ လန်ဒန် အိုလံပစ် အပြီးမှသာ ဥရောပ ချန်ပီယံ အသင်းထံ လာရောက် ပူးပေါင်း သွားမည်ဟု သိရသည်။ အော်စကာသည် မစ်ဒယ်ဘရော့ အသင်း၏ ရေးဗားဆိုက်တွင် သောကြာနေ့၌ ဗြိတိန် အိုလံပစ် အသင်းနှင့် ဘရာဇီးလ် အိုလံပစ် အသင်းတို့ ယှဉ်ပြိုင်ရာ၌ ပွဲထွက်လာဖွယ် ရှိနေသည်။
တော့တင်ဟမ် ဟော့စပါး အသင်းသည်လည်း အော်စကာကို ချိတ်ဆက် ခဲ့သေးသည့်တိုင် အင်တာနေစီယွန်နယ်လ်က စပါးသည် ချယ်လ်ဆီး၏ ကမ်းလှမ်းမှုနှင့် မည်သို့မျှ မယှဉ်နိုင်ခဲ့ဟု အတည်ပြုခဲ့သည်။ အော်စကာသည် ဘရာဇီးလ် လက်ရွေးစင် အသင်းတွင် (၆)ပွဲ ပါဝင် ကစားပေးထားပြီး တောင်အမေရိကတိုက် တစ်ခုလုံးတွင် အနာဂတ် အတောက်ပဆုံး လူငယ်လေး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ ချယ်လ်ဆီး မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုသည် အသင်း၏ အစုအဖွဲ့ကို အပြောင်းအလဲများ ပြုလုပ်ရန် ရည်ရွယ်ခဲ့သည့်နောက် လူငယ်များကို ဝယ်ယူ စုဆောင်း လာခဲ့သည်။
အော်စကာသည် ဆေးစစ်မှု ပြီးမြောက်ပါက ချယ်လ်ဆီးသို့ တိုက်ရိုက် ပြောင်းရွှေ့ ကစားနိုင်ဦးမည် မဟုတ်ဘဲ လန်ဒန် အိုလံပစ် အပြီးမှသာ ဥရောပ ချန်ပီယံ အသင်းထံ လာရောက် ပူးပေါင်း သွားမည်ဟု သိရ...
ချယ်လ်ဆီးသည် အော်စကာကို အပြီးသတ် စာချုပ်ပြီးပါက ယခု နွေရာသီတွင် အီဒင်ဟာဇက်၊ မာကိုမာရင်တို့နောက် တတိယမြောက် ခေါ်ယူမှု ဖြစ်လာကာ စုစုပေါင်း ကစားသမား ဝယ်ယူမှု အသုံးစရိတ် ပေါင်စတာလင် (၆၃.၅)သန်းထိ ရှိလာမည်ဟု သတင်းများက ဖော်ပြသွားသည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com