စင်ကာပူနိုင်ငံသည် ဟိုတယ် လုပ်ငန်းစီမံကိန်း ၁၀ ခုတွင် အိပ် ခန်းပေါင်း ၂၉၉၇ ခန်းရှိပြီး အမေရိကန်ဒေါ်လာ ၅၉၃ ဒသမ ၅၃၁ သန်း ရင်းနှီးမြှုပ်နှံထားသည်။ စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံထား သည့် ဟိုတယ်များမှာ နဝရတ်ဟို တယ်၊ ဆန်းမစ်ပတ်ဗျူးဟိုတယ်၊ မန္တလေး စွမ်းဟိုတယ်၊ ဆီဒိုးနား ဟိုတယ်၊ ထရေးဒါးဟိုတယ်၊ ပတ် ရွိုင်ရယ်ဟိုတယ်၊ ရှန်ဂီလာဟိုတယ်၊ ထရေးဒါးစကွဲယား၊ ဗစ်တိုးရီး ယား ရီဆော့တို့ဖြစ်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယ အများဆုံး ရင်းနှီးမြှုပ် နှံသည့် နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီး ဟိုတယ်လုပ်ငန်းစီမံကိန်း ခုနစ်ခု တွင် အိပ်ခန်းပေါင်း ၁၃၂၈ ခန်းပါ ဝင်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၂၀၂ ဒသမ ၅၀သန်းရင်း နှီးမြှုပ်နှံထားသည်ဟုဆိုသည်။ ဂျပန်နိုင်ငံက လုပ်ငန်းစီမံ ကိန်းသုံးခုအတွက် အမေရိကန်ဒေါ်လာ ၆၂ သန်း၊ ဟောင်ကောင် ကဟိုတယ်လုပ်ငန်း လေးခုအ တွက် အမေရိကန်ဒေါ်လာ ၇၇ သန်း၊ မလေးရှားနိုင်ငံက လုပ်ငန်း စီမံကိန်း တစ်ခုအတွက် အမေရိကန် ဒေါ်လာငါးသန်း အသီးသီးရင်း နှီးမြှုပ်နှံထားကြောင်း သိရသည်။ လုပ်ငန်းစီမံကိန်း ၂၅ခု အနက် ၂၁ ခုမှာ စုစုပေါင်းအမေရိကန် ဒေါ်လာ ၆၅၅ ဒသမ ဝ၃ သန်း ရင်းနှီးမြှုပ်နှံထားပြီး ဟိုတယ်အိပ်ခန်းပေါင်း ၃၉၀၅ ခန်းဖြင့်လုပ် ငန်းများလုပ် ကိုင်လျက်ရှိသည်။ ကျန်ဟိုတယ် လုပ်ငန်းစီမံကိန်း လေးခုမှာ အမေရိကန်ဒေါ်လာ၂၈၅ သန်းရင်းနှီးမြှုပ်နှံ၍ တည် ဆောက်ဆဲဖြစ်ပြီးအားလုံး ပြီးစီး ပါက စုစုပေါင်း ဟိုတယ်အိပ်ခန်း ၁၃၈၅ခန်းတိုးလားမည်ဖြစ်သည်။
6:38 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com