22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ကမ္ဘာမြေကို ဦးတည်သော ဆိုလာမုန်တိုင်း ခြောက်ကြိမ်မြောက် ဖြစ်ပွား

ကမ္ဘာမြေကို ဦးတည်သော ဆိုလာမုန်တိုင်း ခြောက်ကြိမ်မြောက် ဖြစ်ပွားစနေနေ့နှင့် တနင်္ဂနွေနေ့များ တွင် ဆိုလာမုန်တိုင်း ဖြစ်ပေါ်မှု ကြောင့် ကမ္ဘာမြေ၏ သံလိုက်စက် ကွင်းကို တိုက်ခတ်ခံခဲ့ရကြောင်း သိရသည်။ သို့ရာတွင် အဆိုပါ ဖြစ်ရပ်သည် အသေးစားဖြစ်ရပ် သာ ဖြစ်ပါလိမ့်မည်ဟု သိပ္ပံပညာ ရှင်များက ဆိုသည်။ ၄င်းတို့အနေ ဖြင့် စွမ်းအင်ကွန်ရက် ဆောင်ရွက် နေမှုများ၊ လေကြောင်းလိုင်းများ နှင့် အခြား အကျိုးသက်ရောက် မည့်အဖွဲ့အစည်းများကို သတိပေး ထားသည်ဟု ဆိုသည်။
“ဘယ်စစ္စတန် တစ်ခုခုကိုမျှ ဆိုးကျိုးဖြစ်တာ မတွေ့ရပါဘူး” ဟု ကော်လိုရာဒိုပြည်နယ်ရှိ အမေ ရိကန် အာကာသရာသီဥတု ကြို တင်ခန့်မှန်းရေးဌာန (US Space Weather Predicition Center) မှ ခန့်မှန်းရေးအရာရှိ ဂျိုးကွန်းချက်စ် (Joe Kunches) က ထုတ်ဖော် ပြောဆိုခဲ့သည်။
ကမ္ဘာမြေ၏ အပြင်ဘက် သံ လိုက်စက်ကွင်းကို စွမ်းအားပြည့် အမှုများက ကျဲချတိုက်ခတ်လာ ခြင်းကြောင့် အရောင်အသွေးစုံ မြောက်ဝင်ရိုးစွန်း အလင်းများပေါက်ပွားလာဖွယ်ရှိသည်။ တဖျပ် ဖျပ်တောက်ပသည့် မြောက်ဝင်ရိုး စွန်းအလင်းများကို ယခု စနေ၊ တနင်္ဂနွေနေ့များတွင် အမေရိကန်၊ ကနေဒါနယ်စပ်နှင့် ဥရောပမြောက် ပိုင်း၌ မြင်တွေ့နိုင်ဖွယ်ရှိသည်ဟု ကွန်းချက်စ်က ဆိုသည်။
ကမ္ဘာမြေကြီးဆီသို့ တစ်နာရီ လျှင် ကီလိုမီတာ ၄ ဒသမ ၈ သန်းနှုန်းဖြင့် ဦးတည်ပြေးလာ သောစွမ်းအားမြင့်အမှုန်တိမ်တိုက် ကြီးကိုပစ်ပေါက်လိုက်သောအလင်း ထုကြီးအားနေကလွှတ်ထုတ်လိုက် သည့် ကြာသပတေးနေ့တွင် အဆိုပါ မုန်တိုင်းစတင်ခဲ့ခြင်းဖြစ် သည်။
ထိုကဲ့သို့စွမ်းအားမြင့်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်မှာ ယခု နှစ်တွင်ခြောက်ကြိမ်မြောက်ဖြစ်ခဲ့ သည်ဟု ဆိုသည်။ ဆိုလာမုန်တိုင်းများကြောင့် ဂြိုလ်တုများ ပျက်စီးနိုင်ပြီး ရေဒီ ယို ဆက်သွယ်ရေးလိုင်းများ ပြတ် တောက်နိုင်ကြောင်း သိရသည်။
မာန်သစ်နိုး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )