အေစီမီလန် အသင်းသည် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီဒင် ဂျက်ကိုအား ခေါ်ယူရေး အတွက် စတင် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
အီတလီ စီးရီးအေ ပြိုင်ပွဲဝင် ထိပ်တန်း အသင်းကြီးသည် ဘော့စ်နီးယား လက်ရွေးစင် ဂျက်ကိုအား ခေါ်ယူနိုင်ရန် မျှော်လင့်နေပြီး မန်စီးတီးသို့ ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ မန်စီးတီးသည် ဂျာမန်ကလပ် ၀ုလ်ဖ်ဘာ့ဂ် အသင်းမှ ဂျက်ကိုအား ယူရို (၃၂)သန်းမျှ ဈေးနှုန်းဖြင့် ခေါ်ယူခဲ့သည်။ သို့သော်လည်း ဂျက်ကိုသည် အစ်တီဟတ်တွင် အကောင်းဆုံး ခြေစွမ်း မပြသနိုင်ဘဲ မာရီယို ဘာလော့တယ်လီ၊ ဆာဂျီယို အဂူရို၊ ဒေးဗစ်ဆေးလ်ဗား၊ ကားလို့စ်တီဗက်ဇ်တို့ နောက်တွင် အရန်ခုံ၌သာ အထိုင်များနေရသည်။
မီလန်မှ စောင့်ကြည့်နေသည့် ဂျက်ကို
မီလန်အပြင် အခြားသော အီတလီ ကလပ်များသည်လည်း ဂျက်ကိုအား ခေါ်ယူရန် စိတ်ဝင်စားခဲ့ပြီး ကစားသမား၏ အေးဂျင့်ကို ဆက်သွယ်ခဲ့သည်။ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သည်လည်း ဂျက်ကိုအား စောင့်ကြည့်နေသည့်တိုင် မီလန်က အသိသာဆုံး ချိတ်ဆက် လှုပ်ရှားလာခြင်း ဖြစ်သည်။ မီလန် ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီက အသင်းအနေဖြင့် ကစားသမားသစ် ထပ်မခေါ်တော့ဟု ပြောဆိုထားသော်လည်း တနင်္ဂနွေနေ့ကမူ မိမိတို့သည် ဈေးကွက်အတွင်း ဖြစ်နိုင်ခြေတိုင်းကို စောင့်ကြည့်နေကြောင်း ၀န်ခံ ပြောဆိုခဲ့သည်။မီလန်သည် ဂျက်ကိုအား ခေါ်ယူရန် အမှန်တကယ် ကြိုးပမ်းပါက ဘဏ္ဍာရေး အခြေအနေကြောင့် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရော်ဘင်ဟိုအား ရောင်းချရန် ဦးစွာ ကြိုးပမ်းရဖွယ် ရှိနေကြောင်း သိရှိရသည်။
အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သည်လည်း ဂျက်ကိုအား စောင့်ကြည့်နေသည့်တိုင် မီလန်က အသိသာဆုံး ချိတ်ဆက် လှုပ်ရှားလာ...
7:19 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com