ဖြစ်စဉ်မှာ ကောလင်းမြို့ဈေး ရုံရပ်ကွက်ရှိ ““တက်နေ၀င်း ရွှေဆိုင်”” သို့ မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ ခန့်က အောင်လွင် (ခ) အောင်ရှိန်၊ အသက် (၂၁) နှစ်ပန်းတိမ်ကုန်း ကျေးရွာဝန်းသို့မြို့နယ်နေသည် ရွှေအခဲဝယ်လိုကြောင်း ပစ္စည်းများ အား ထုတ်ပြရန်ပြောသဖြင့် ရွှေ ဆိုင်ပိုင်ရှင်ဒေါ်ခင်သိန်းမြင့်က ငါးကျပ်သားအလေးချိန်ရှိရွှေအခဲ အား ထုတ်ပြခဲ့သည်။ အောင်လွင် က ဒေါ်ခင်သိန်းမြင့်အား ထပ်မံ ၍ ၃၀ ကျပ်သား အလေးချိန်ရှိ ရွှေအခဲသား ထပ်မံပြသရန် ယူခိုင်း ရာဒေါ်ခင်သိန်းမြင့်က ၎င်းထံမှ အရက်နံ့ နံခြင်း ပစ္စည်းဝယ်ယူ မည့် အမူအရာမဟုတ်ကြောင်း သင်္ကာမကင်းဖြစ်၍ ““ပစ္စည်းအား ယခုယူမည်လား””ဟု မေးရာ တရားခံက ““ယခုဝယ်ယူရန် ငွေမ ပါသေးကြောင်း”” နောက်နေ့မ လာဝယ်မည်ဟုပြောသဖြင့် ဒေါ်ခင်သိန်းမြင့်ပြသထားသော ငါးကျပ်သားရွှေအခဲအားပြန်သိမ်း ဆည်းရာတရားခံကရွှေအခဲသား လုယူပြီး ၎င်းစီးလာသော ဂျာလင်း စူပါကပ်ဆိုင်ကယ်ပေါ်တက်၍ စက်နိုးစဉ်ရွှေဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဝင်းနှင့် ၀န်ထမ်းများ ကလုံးထွေးဖမ်းဆီးကြသည်။
ကောလင်းမြို့နယ်ရဲစခန်းက အောင်လွင် (ခ) အောင်ရှိန် အသက် (၂၀) နှစ်အား (ပ) ၁၄၂ အရ အမှုဖွင့်ပြီး ကောလင်းမြို့ နယ် တရားရုံးသို့တရားစွဲဆိုတင်ပို့ ရာ ကောလင်းမြို့နယ်ရဲ တရားရုံး က ပြစ်မှုကြီးအမှတ်၊ ၅၄၉ အရ လက်ခံကြားနာစစ်ဆေးပြီး ဇွန် ၇ ရက်က ပြစ်မှုထင်ရှားသဖြင့်တရား ခံအောင်လွင် (ခ)အောင်ရှိန်အား အလုပ်နှင့် ထောင်ဒဏ်ငါးနှစ်ကျခံ စေရန် ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း သိရသည်။
9:28 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com