ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး မစ္စတာ အန်တိုနီယို ဂါးတားရစ်က ပြည်နယ် ၇ ခုမှာ ရှိတဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ဖို့အရေးမှာ ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကိုရောက်ရှိ နေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေ အခြေအနေတွေကို သွားကြည့်ပြီး မနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
“UNHCR ဟာ မြန်မာနိုင်ငံထဲမှာ ပိုပြီး ထဲထဲဝင်ဝင်ရှိဖို့ လုပ်နေပါတယ်။ အခုလက်ရှိ ပြည်နယ် ၇ ခုမှာ ရောက်ရှိနေပြီး လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး ကနေ တိုးတက်ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုတွေ၊ နောက် နံပါတ် ၁၁ ဖြစ်တဲ့ ကချင်ပြည်နယ်ထဲက ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဝိုင်းဝန်းကူညီပံပို့ပေးနေပါတယ်။”
သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က အရေးကိစ္စတွေကိုလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောဆိုလိုက်ပြီး မိမိတိုင်းရင်းသားများကို တာဝန်ယူမှာဖြစ်တယ်လို့ သမ္မတက ကတိပြုလိုက်ပါတယ်။
အဲဒီရိုဟင်ဂျာတွေကို UNHCR ကို လွှဲပြောင်းပေးပြီး UNHCR က ကျွေးမွေးစောင့်ရှောက်ပေးဖို့ဖြစ်ကြောင်းနဲ့ တတိယနိုင်ငံက လက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ပြောဆိုပါတယ်။
သမ္မတရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သူရဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အန်တိုနီယို ဂါးတားရစ်က UNHCR ရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေထဲမှာ အလွန်ထူးခြားတဲ့အခြေအနေတွေကြောင့် တတိုင်းပြည်ကနေ တခြား တိုင်းပြည်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေအတွက်ဖြစ်ကြောင်း၊ မြန်မာပြည် ရိုဟင်ဂျာ ပြဿနာနဲ့ မသက်ဆိုင်ကြောင်း၊ သူတို့အဖွဲ့အနေကတော့ မခွဲခြားဘဲ လူသားချင်းစာနာတဲ့ အကူအညီတွေ ပံ့ပိုးဆောင်ရွက်သွားဖို့ ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေး အစီအစဉ်ဆိုတာက တကယ့်ဒုက္ခသည်တွေအတွက်သာ ဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။
5:05 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com