ရီးယဲလ် မက်ဒရစ် အသင်းသည် လူကာ မိုဒရစ်ကို ခေါ်ယူရန် အတွက် ရီကာဒို ကာဗယ်လ်ဟိုအား အလိုက်ပေး ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရီးယဲလ်သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ကွင်းလယ် ကစားသမားကို ချိတ်ဆက်နေပြီး ယခုအခါ ချယ်လ်ဆီး နောက်ခံလူဟောင်း ကာဗယ်လ်ဟိုကို ငါးစာအဖြစ် အသုံးချရန် စီစဉ်လာခဲ့သည်။ စပိန်လာလီဂါ ချန်ပီယံ အသင်းသည် ခရိုအေးရှား လက်ရွေးစင် မိုဒရစ်အတွက် စပါးက တောင်းဆိုသည့် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၅)သန်းကို အပြည့်အ၀ မပေးချေလိုခြင်းကြောင့် ကစားသမား အလိုက်ဖြင့် အဆိုပြုရန် စီစဉ်နေခြင်း ဖြစ်သည်။ အစောပိုင်းက တူရကီ ကွင်းလယ်လူ နျူရီဆာဟင်ကို အလိုက်ပေးကာ မိုဒရစ်ကို ကမ်းလှမ်းရန် ရီးယဲလ်က ခြေလှမ်းပြင်ခဲ့သေးသော်လည်း ဆာဟင် ကိုယ်တိုင်က ယင်းကို လက်မခံသဖြင့် အဆင် မပြေခဲ့ချေ။
ရီးယဲလ်မှ အလိုရှိနေသည့် မိုဒရစ်
ရီးယဲလ်သည် ယခုအခါ မိုဒရစ်အား ပေါင်စတာလင် (၂၈)သန်းအပြင် ကာဗယ်လ်ဟိုကို အလိုက်ပေး ကမ်းလှမ်းနိုင်ရန် မျှော်လင့်နေကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။ မိုဒရစ်သည် ယခုနွေရာသီတွင် စပါးအသင်းမှ သေချာပေါက် ထွက်ခွာဖြစ်ဖွယ် ရှိနေပြီး ရီးယဲလ်၏ ကမ်းလှမ်းမှု အပေါ် စပါးမန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်၏ အဆုံးအဖြတ်က အဓိက အရေးပါလာဖွယ် ရှိနေသည်။ ပေါ်တူဂီသား ဘိုအာ့စ်သည် ပေါ်တူဂီ လက်ရွေးစင်ဟောင်း ကာဗယ်လ်ဟို၏ ခြေစွမ်းကို နှစ်သက် သဘောကျသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရသည်။
ရီးယဲလ်သည် ယခုအခါ မိုဒရစ်အား ပေါင်စတာလင် (၂၈)သန်းအပြင် ကာဗယ်လ်ဟိုကို အလိုက်ပေး ကမ်းလှမ်းနိုင်ရန် မျှော်လင့်နေကြောင်း ASသတင်းစာက ဖော်ပြခဲ့...
7:21 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com