22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ငါးထောင်တန်ဖုန်းထုတ်မည့်ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး Joint Venture ဆောင်ရွက်ရန်ရှိ

ငါးထောင်တန်ဖုန်းထုတ်မည့်ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး Joint Venture ဆောင်ရွက်ရန်ရှိငါးထောင်တန် ဖုန်း ထုတ်လုပ်ရန် ကြိုးပမ်း နေသော ရွှေပြည့်တံခွန် ကုမ္ပဏီက ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းတိုက် ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သေဲာJoint Venture တင်ဒါခေါ်ယူလျှင် လျှောက်ထား သွားရန်ရှိကြောင်း ရွှေပြည့်တံခွန်ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းကဆက်သွယ်ရေးဝန်ဆောင်မှု များကို အပြည်ပြည်ဆိုင်ရာကုမ္ပဏီ များနှင့် Joint Venture ပူးပေါင်း ရန် တင်ဒါခေါ်ယူခြင်း မပြုမီ တင်ဒါပြင်ဆင်ခြင်း၊ တင်ဒါခေါ် ယူခြင်း၊ စိစစ်ရွေးချယ်ခြင်းစသည့် လုပ်ငန်းများ ပြုလုပ်နိုင်ရန် နိုင်ငံ တကာအတွေ့အကြုံရှိသော Telecommunications Tender Consultant ကုမ္ပဏီအဖွဲ့အစည်းများ အား အဆိုပြုလွှာများ တင်သွင်း ရန်ဖိတ်ခေါ်ကြောင်း ဆက်သွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေ ညာထားသည်။
“ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူ တာ ဒါပထမဆုံးပဲဆိုတော့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ အဖွဲ့ အစည်းကုမ္ပဏီတွေရဲ့ဘယ်လိုစည်း ကမ်းချမှတ်သင့်တယ်။ ဘယ်လို အရည်အချင်းနဲ့ ကိုက်ညီမှရမယ် ဆိုတဲ့ အဆိုပြုလွှာတွေကို အရင် လက်ခံမှာပါ”ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းက Joint Venture ပုံစံဖြင့် ဆောင်ရွက်လျှင် နိုင်ငံတကာ အဆင့်မီပြီး ပြည်သူများအတွက် အလွန်ကောင်းမွန်ကြောင်း၊မြန်မာ နိုင်ငံရှိ ပြည်သူများအားလုံး နိုင်ငံ တကာနှင့်တန်းတူ မိုဘိုင်းဖုန်း သုံးစွဲ၍ ရသွားနိုင်မည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးလွင်နိုင်ဦးကဆိုသည်။“အခုလို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက တင်ဒါခေါ်ဖို့တို့ အဆိုပြုလွှာတွေလက်ခံလာတာ တွေကို အများကြီးကြိုဆိုပြီး ဝမ်း သာပါတယ်။ ဒီလောက်ထိ ဒီ အဆင့်ထိဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး၊International Open Tender ခေါ်မယ်လို့ပဲထင်ခဲ့တာ” ဟု ၄င်းကဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အခန်းကဏ္ဍနှင့် ကြီးမားသောပြု ပြင်ပြောင်းလဲမှုများလုပ်ဆောင်လာ ခြင်းကြောင့် ငါးထောင်တန် (သို့ မဟုတ်)ငါးထောင်ထက်နည်းသှေွာGSM Sim Card များပေါ်လာ တော့မည်မှာ သေချာကြောင်း ဦးလွင်နိုင်ဦးက သုံးသပ်ပြောဆို သည်။
ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီ သုံးစွဲနိုင်ရန် ပြည်တွင်း/ပြည်ပရှိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်နေသည့် ကုမ္ပဏီ နှင့် ပူးပေါင်း၍Joint Venture ဆောင်ရွက်ပြီး Mobile, PSTN, Internet, IT စသည့် ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူရန်အတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်စေရန် နိုင်ငံတကာစံချိန်စံညွှန်း များအတိုင်းဖြစ်စေရန်နှင့် ပွင့်လင်း မြင်သာမှုရှိစေရန် တင်ဒါခေါ်ယူရန် ပြင်ဆင်ခြင်း၊ တင်ဒါခေါ်ယူ ခြင်း၊ စိစစ်ရွေးချယ်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်တို့တွင် Telecommunications Tender Consultant အဖြစ် ဆောင်ရွက်ပေးနိုင် မည့် နိုင်ငံတကာအတွေ့အကြုံရှိ သော Telecommunications Tender Consultant ကုမ္ပဏီ/ အဖွဲ့အစည်းများအား အဆိုပြုလွှာများကို ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမတိုင်မီ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ဆက်သွယ် ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာန၊ ရုံးအမှတ် ၂ နေပြည်တော်၊ ဖုန်း ဝ၆၇-၄၀၇၀၅၆သို့တင်သွင်း နိုင်ကြောင်း ထုတ်ပြန်ကြေညာ ချက်များအရ သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )