22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 1, 2012

ကိုယ်ရေး အချက် အလက်များနှင့် ဝန်ဆောင်မှု များကို ads.com.mm တွင် အခမဲ့ ကြော်ငြာ နိုင်မည်

မြန်မာ နိုင်ငံတွင်း အခမဲ့ အမျိုးအစား ခွဲကြော်ငြာ လူမှုကွန် ရက်တစ်ခုဖြစ်လာရန် ရည်ရွယ် ၍ တည်ထောင် လွှင့်တင်ထားသော ads.com.mm တွင်စီးပွား ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများ နှင့် ကိုယ်ရေး ကိုယ်တာဖော်ပြချက် များကိုပါ ကြော်ငြာနိုင်မည်ဖြစ် ကြောင်း သိရှိရသည်။
၎င်းဝက်ဘ်ဆိုက်တွင် အမျိုး အစားအလိုက် ကြော်ငြာများကို ခွဲခြားဖော်ပြထားပြီး၊ ဝက်ဘ်ဆိုက် အသုံးပြုသူများအသုံးပြု၍ လွယ် ကူအောင်လည်းပြုလုပ်ထားသည်။ ထို့ပြင် မိမိတို့တင်လိုသော ကြော် ငြာများကိုလည်း မိမိတို့ကိုယ်တိုင် အသုံးပြုပြီး လွယ်ကူအဆင်ပြေစွာ ဖြင့် ကြော်ငြာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ၄င်းဝက်ဘ်ဆိုက်တွင် ရောင်း မယ်၊ အိမ်ယာ၊ အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာ၊ အိမ်မွေး တိရိစ္ဆာန်၊ ဝန်ဆောင်မှုများ၊ စသည် ဖြင့် ကြော်ငြာများကို ကဏ္ဍခွဲခြား ဖော်ပြထားကြောင်း သိရှိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် မိမိတင်လိုသော ကြော်ငြာများကို အရေအတွက် အကန့်အသတ်မရှိ ကြော်ငြာနိုင်ပြီး၊ ကြော်ငြာရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း (သို့မ ဟုတ်) ကြော်ငြာထားသော အ ကြောင်းအရာအတွက်ဆက်သွယ် ရန်အီးမေးလ်(သို့) ဖုန်းနံပါတ် ထည့်သွင်းကြော်ငြာရမည်ဖြစ် ကြောင်း သိရှိရသည်။
ထို့ပြင် ဝက်ဘ်ဆိုက်အသုံးပြု သူများတင်လိုက်သောကြော်ငြာ များကို ၁၄ ရက်အထိ တင်ထား ပေးပြီး ၁၄ ရက်ကျော်လွန်ပါက အလိုအလျောက်ပယ်ဖျက်သည့် စနစ်ကို အသုံးပြုထားကာ၊ တူညီ သောကြော်ငြာကိုပင် ဝက်ဘ်ဆိုက် အသုံးပြုသူက ပြန်လည်တင်ပါက နောက်ထပ် ၁၄ ရက် ထပ်မံတင် ပေးထားမည့်ပုံစံဖြစ်ကြောင်း သိရှိရ သည်။ ထိုသို့ ဝက်ဘ်ဆိုက်ပေါ်တွင် ကြော်ငြာပြီးငှားရမ်းခြင်း၊ ဝန် ဆောင်မှုပေးခြင်း၊ ရောင်းဝယ်ခြင်း များအတွက်လုပ်ငန်းများလုပ် ဆောင်ရာတွင် ငွေကြေးအသုံး ပြုပြီးရောင်းဝယ်ခြင်းကိုသာ ပြု လုပ်ကြရန်နှင့်ချက်လက်မှတ် အသုံးပြုပြီးရောင်းဝယ်ဖောက်ကား ခြင်းကို သတိထားစေလိုကြောင်း ဝက်ဘ်ဆိုက်မှ သတိပေးထား ကြောင်း သိရှိရသည်။
ထို့ပြင် ads.com.mm ဝက်ဘ်ဆိုက်ကို ဝင်ရောက်အသုံး ပြုသူများအနေဖြင့် Lucky Draw အစီအစဉ်တွင် ဝင်ရောက်ကံစမ်း နိုင်ပြီး ထိုသို့ ကံစမ်းနိုင်ရန်အတွက် ဝက်ဘ်ဆိုက်တွင် Sing Up ပြုလုပ် ရန် လိုအပ်မည်ဖြစ်ကာ Sing Up ပြုလုပ်ပြီးသော Member များ အနေဖြင့် နေ့စဉ် Lucky Draw ကံစမ်းခွင့် ၁၀ ကြိမ်ရရှိမည်ဖြစ် ပြီး 1USDမှ 50 USD ကံထူးသူ များအနေဖြင့် www.shop.com. mm တွင် ဈေးဝယ်ယူခွင့်ရရှိမည် ဖြစ်ပြီး ကံထူးသူများကိုလည်း မိမိ တို့၏ အီးမေးလ်များအတွင်း မေးလ် ပို့အသိပေးသွားမည်ဖြစ်သည့် အ ပြင် 1000000 ကျပ် ကံထူးသူ များကိုလည်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း သိရှိရကာ၊ အဆိုပါ Lucky Draw အစီအစဉ်မှာ မြန်မာနိုင်ငံသား ဝက်ဘ်ဆိုက် အသုံးပြုသူများ အ တွက်သာရည်ရွယ် ပြုလုပ်ခြင်းဖြစ် ပြီး Lucky Draw အစီအစဉ်မှာ ဇူလိုင် ၁၆ ရက်နေ့မှ စတင်ဘာ ၁၁ ရက်နေ့အထိသာ ဖြစ်ကြောင်း သိရှိရသည်။ ၄င်း အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ www. ads. com.mm တွင် ကြော်ငြာ များတင်၍ ကြော်ငြာလိုသောသူ များအနေဖြင့်လည်းကောင်း၊ အ သေး စိတ်သိရှိလိုသူများအနေဖြင့် www. ads. com.mmတွင် ဝင် ရောက်ကြည့်ရှု၍ သော်လည်း ကောင်း၊ ဖုန်း ဝ၉-၄၂၁၀၄၆၆၀ဝ သို့လည်းကောင်း ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )