22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 31, 2012

ဆီးရီးယားလေ့လာ စောင့်ကြည့်မှု အစီအစဉ် ပြီးဆုံးပြီဟုဆို


 

ဆီးရီးယားတွင် လေ့လာ စောင့်ကြည့်မှု အစီအစဉ်ကို ရုတ်သိမ်းရန် တရားဝင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဉ် မပြီးဆုံးမီ သုံးရက် အလို ကြာသာပတေး နေ့တွင် အစီအစဉ်ကို ရပ်ဆိုင်းရန် လက်ရှိဥက္ကဌ ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ်သံတမန်Gread Araud က ပြောကြားလိုက်ခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီသည် ဆီးရီးယားမြို့တော် ဒမက်စကပ်တွင် ကုလသမဂ္ဂဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးငယ်တစ်ခုကိုဖွင့်လှစ်ရန် ဆုံးဖြတ်ထားကြောင်း သူကထပ်လောင်းပြောကြားခဲ့သည်။ ကုလ သမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ဝင်များသည် ဆီးရီးယားတွင် လုပ်ငန်း ဆောင်တာများ ဧပြီလကစတင်ခဲ့ကြသည်။ သို့ရာတွင် သူတို့၏ စစ်ဆင်ရေးသည် အစိုးရနှင့်ဆန့်ကျင်ဘက်နှစ်ခုအကြား ပြင်းထန် သောတိုက်ပွဲများကြောင့် အင်အားမဲ့ဖြစ်စေခဲ့သည်။
ပဋိပက္ခဖြစ်ရပ် တစ်ခုတွင်လက်နက်မပါသောကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့ ဝင်များ သည်နှစ်ဘက်စလုံးမှတိုက်ခိုက်မှုကိုခံခဲ့ရသည်။ကုလသမဂ္ဂ- အာရပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အကြံပြုခဲ့သော ငြိမ်းချမ်းရေး အစီအစဉ် ၏တရားဝင်ကိုယ်စားလှယ် ကိုဖီအာနန်မှာလည်း ဆီးရီးယား အရေး ခင်းတွင်အောင်မြင်မှုမရခဲ့ပေ။ ယခုလအကုန်တွင် သူ၏တာဝန်ဝတ္တရား များကိုစွန့်လွှတ်တော့မည်ဖြစ်ကြောင်းကိုဖီအာနန်က ကြေညာထား ခဲ့သည်။
နေလင်းအောင်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )