22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 11, 2012

တောင်ကိုရီးယား နာမည်ကြီး ဘဏ် သုံးခု မြန်မာတွင် ကိုယ်စားလှယ်ရုံး ဖွင့်မည်

 

တောင်ကိုရီးယား နိုင်ငံမှ နာမည်ကြီး ဘဏ်သုံးခုသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ် ရုံးခွဲများ လာရောက် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ၁-၈-၂၀၁၂ ရက်က ကိုရီးယား စီးပွားရေး ဌာနတစ်ခုဖြစ်သော Kotra မှ သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ ဘဏ်များက ခြေကုပ်ရယူမှု အဖြစ် ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်မှုတွင် ယခုနှစ် (၂၀၁၂) သည် အများဆုံး နှစ်တစ်နှစ် ဖြစ်လာနေ ပြီး အဆိုပါ ကိုယ်စားလှယ်ရုံးခွဲများ အားလုံးကို ငွေအပ်နှံခြင်း၊ ကုန်သွယ်ခြင်းနှင့် ငွေလွှဲဝန်ဆောင်ခြင်းများကို ၂၀၁၃ ခုနှစ် နောက်ပိုင်းမှသာလျှင် ခွင့်ပြုပေးနိုင်ဖွယ် ရှိနေကြောင်းလည်း ပုဂ္ဂလိက ဘဏ်အသိုင်းအဝိုင်းများထံမှ ကြားသိရသည်။
“တောင်ကိုရီးယားက Woori ဘဏ်လည်း ပါမယ်။ ပြီးတော့ နာမည်ကြီး ဘဏ်ကြီးနှစ်ခုလည်း ပါမယ်။ အားလုံးပေါင်း သုံးခုလောက်က မြန်မာမှာ ဘဏ်ခွဲ ကိုယ်စားလှယ်ရုံးခွဲ လာဖွင့်မှာပါ” ဟု Kotra မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဒီနှစ်ထဲမှာပဲ လာဖွင့်ကြမှာပါ။ သူတို့ တော်တော် စိတ်ဝင်စားနေကြတာပဲလေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ တောင်ကိုရီးယားနိုင်ငံမှ ကိုယ်စားလှယ်ရုံးခွဲများ လာရောက်ဖွင့်လှစ်မည် ဆိုပါက လက်ရှိကာလတွင် တောင်ကိုရီးယားဘဏ်များ၏ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မှုတွင် ပထမဆုံးအကြိမ် ဖြစ်လာမည်ဟု သိရသည်။ “Woori ဘဏ်က ပြီးခဲ့တဲ့ ကိုရီးယား-မြန်မာ စီးပွားရေးဖိုရမ်ကို လာခဲ့တယ်။ အဲဒီကတည်းက သူတို့က တော်တော် စိတ်ဝင်စားနေခဲ့တာ။ အဲဒီတုန်းကလည်း ဗဟိုဘဏ်က လူကြီးပိုင်းတချို့နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ကြတယ်” ဟု Kotra မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။
ဗဟိုဘဏ်မှ သတင်းများအရ ဇူလိုင်လ နောက်ဆုံးပတ်အထိ ပြည်ပဘဏ်များမှ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားမှုတွင် စုစုပေါင်း ၂၁ ခု ရှိလာပြီဖြစ်ကာ ယခုနှစ်အတွင်းမှာပင် ၃၀ ကျော်သွားဖွယ် ရှိနေသည်ဟု သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )